အော်စကာ ဆုပေးပွဲထက် ကြည့်ရှုသူ ပိုမိုများပြားခဲ့တဲ့ 2019 Game Awards ဆုပေးပွဲကြီး

ဒီဇင်ဘာလ အစောပိုင်း ကာလမှ ကျင်းပခဲ့တဲ့ The Game Awards 2019 ဆုပေးပွဲကြီးကို Online ကနေ ကြည့်ရှုသူဦးရေ ၄၅ သန်းခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ The Games Awards 2018 ဆုပေးပွဲကြီး ကြည့်ရှုခဲ့သူဦးရေ ၁၃ သန်းခန့်သာ ရှိခဲ့တာကြောင့် ကြည့်ရှုသူဦးရေ ၇၃ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် 2019 Game Awards ဆုပေးပွဲကြီးဟာ အခြားသော နာမည်ကျော် ဆုပေးပွဲတစ်ခုထက် ကြည့်ရှုသူဦးရေ ပိုလို့တောင် များပြားခဲ့ပါတယ်။

ရုပ်ရှင်လောကရဲ့ အကြီးမားဆုံး ဆုပေးပွဲဖြစ်တဲ့ ၂၀၁၉ အော်စကာ ဆုပေးပွဲကြီးကို ကြည့်ရှုသူဦးရေ ၂၉.၆ သန်းခဲ့သာ ရှိခဲ့တာကြောင့် ဂိမ်းမင်းလောကရဲ့ အကြီးမားဆုံး ဆုပေးပွဲကို ကြည့်ရှုသူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဆမတန် နည်းပါးနေခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် အော်စကာ ဆုပေးပွဲကို ကြည့်ရှုသူဦးရေဟာ ၂၀၁၈ ခုနှစ် အော်စကာ ဆုပေးပွဲကို ကြည့်ရှုသူဦးရေထက် ၇.၇ ရာခိုင်နှုန်း ပိုမို များပြားလာခဲ့ပေမယ့်လည်း ဂိမ်းမင်းလောကရဲ့ အကြီးမားဆုံး ဆုပေးပွဲဖြစ်တဲ့ The Game Awards 2019 ကိုတော့ ကြည့်ရှုသူဦးရေ အပိုင်းမှာ နှိုင်းယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဂိမ်းမင်းလောကဟာ ဆယ်စုနှစ် တစ်ခုအတွင်းမှာ တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲလာခဲ့ပြီး ယခုအချိန်မှာဆိုရင် နိုင်ငံတာကာ ရုပ်ရှင်လောကနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်ခဲ့ပြီးဖြစ်တဲ့ အချို့သောဂိမ်းတွေရဲ့ Story ပိုင်း တည်ဆောက်မှုဟာ ဟောလီးဝုဒ်ရဲ့ သာမန်ရုပ်ရှင်ကားတွေထက် သာလွန်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ ဖျော်ဖြေရေး ကဏ္ဍရဲ့ ထိပ်ဆုံးနေရာကို ဗွီဒီယိုဂိမ်းလောက အနေနဲ့ အုပ်စိုးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

REF: AfkGaming