Animal Crossing: New Horizons ကစားရတာကို စွဲလမ်းလျက်ရှိတဲ့ နာမည်ကျော် အနုပညာရှင်များ

Nintendo Switch ရဲ့ ၂၀၂၀ ထွက် Animal Crossing: New Horizons ကတော့ စတင် ထွက်ရှိတဲ့ အချိန်က စတင်ပြီး လက်ရှိအချိန်ထိ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်လျက်ရှိတဲ့ ဂိမ်းတစ်မျိုး အဖြစ် ရပ်တည်နိုင်ခဲ့သလို Physical Copy ဝယ်ယူဖို့ အတွက် ခက်ခဲတဲ့အထိ အောင်မြင်တဲ့ ဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Animal Crossing: New Horizons ကို ကစားရတာ ကြိုက်နှစ်သက်ကြောင်း ကမ္ဘာအနှံ့မှ နာမည်ကျော် အနုပညာရှင်တွေ အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာတွေ၊ တီဗွီအစီအစဉ်တွေကနေ တစ်ဆင့် ဖော်ပြခဲ့ကြတာကြောင့် လက်ရှိအချိန်ထိ Animal Crossing: New Horizons ကို လက်မလွှတ်တမ်း ကစားလျက်ရှိတဲ့ နာမည်ကျော် အနုပညာရှင်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Chrissy Teigen

အမေရိကန် နိုင်ငံသူ၊ Television Personality အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ Chrissy Teigen အနေနဲ့ ရိုက်ကူးရေး အစီအစဉ်တွေ၊ ကလေးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ မအားလပ်နိုင်အောင် အလုပ်များလျက် ရှိပေမယ့် ညပိုင်း အားလပ်ချိန်တွေမှာ Animal Crossing: New Horizons ကစားရင်းနဲ့သာ အချိန်ကုန်ဆုံးလျက်ရှိကြောင်း၊ Animals Crossing မှာ အသုံးပြုတဲ့ ငွေကြေး အမျိုးအစား Bells တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း ကိုယ်ပိုင် တွစ်တာ စာမျက်နှာကနေ တစ်ဆင့် ဝေမျှသွားခဲ့ပါတယ်။

  • Jeon Somi

ကိုရီးယားနိုင်ငံသူ၊ ချစ်စရာ ကောင်းလွန်းတဲ့ အဆိုတော်လေး တစ်ဦးဖြစ်သူ Jeon Somi အနေနဲ့ TV အစီအစဉ် တစ်ခုဖြစ်တဲ့ “I am Somi” ဆိုတဲ့ အစီအစဉ်မှာ သူငယ်ချင်း တစ်ဦးလည်းဖြစ်၊ Black Pink အဖွဲ့ရဲ့ နာမည်ကျော် အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ Lalisa Manoban နဲ့အတူ Animal Crossing: New Horizons ကို ကစားပြခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံ အတွက် ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ Animal Crossing: New Horizons ကြော်ငြာမှာလည်း Somi အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

  • Danny Trejo

Heat, Con Air, Desperado, Spy Kids စတဲ့ ဇာတ်ကားတွေနဲ့အတူ နာမည် ကျော်ကြားလာခဲ့တဲ့ အက်ရှင်မင်းသားကြီး Danny Trejo အနေနဲ့လည်း Animal Crossing ကို စတင် ကစားနေပြီဖြစ်ကြောင်း တွစ်တာကနေ တစ်ဆင့် ကြေညာသွားခဲ့သလို ပရိသတ်တွေကိုလည်း မိမိနဲ့ အတူတကွ ကစားဖို့ အတွက် လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

  • Lalisa Manoban, Kim Jisoo (Blackpink)

ကိုရီးယား အဆိုတော် အဖွဲ့ Blackpink ရဲ့ ချစ်စဖွယ် အဆိုတော်လေး နှစ်ဦးဖြစ်တဲ့ Jisoo နဲ့ Lisa တို့ အနေနဲ့လည်း ဂိမ်းကစားရတာကို နှစ်သက်သူများ ဖြစ်တာနဲ့အညီ Animal Crossing: New Horizons ထွက်ရှိလာတဲ့ အချိန်က စတင်ပြီး မိုးလင်းက‌နေ မိုးချုပ်တဲ့ အထိ ဆော့ကစားလေ့ ရှိတယ်လို့ သိရပါတယ်။

  • Maisie Williams

နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲမှာ Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Maisie Williams အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က Twitch မှာ Streaming ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ အချက်အလက်တွေကို တွစ်တာကနေ တစ်ဆင့် မေးမြန်းခဲ့သလို သူ Animal Crossing: New Horizons ကစားနေတာကို ပရိသတ်တွေကို မြင်တွေ့စေလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

Maisie အနေနဲ့ လက်ရှိအချိန်ထိ Streaming ပြုလုပ်ခြင်း မရှိသေးပေမယ့် Animal Crossing နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ၊ အကြောင်းအရာတွေကိုတော့ မကြာခဏ ဆိုသလို ကိုယ်ပိုင် တွစ်တာ စာမျက်နှာကနေ တစ်ဆင့် ဝေမျှပေးလျက် ရှိပါတယ်။

  • Elijah Wood

Lord of the Rings Trilogy, The Hobbit: An Unexpected Journey တို့မှာ Frodo Baggins အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Elijah Wood အနေနဲ့လည်း ပရိသတ် တစ်ဦးရဲ့ Animal Crossing ကျွန်းစုလေး အပေါ် သွားရောက် လည်ပတ်ပြီး အဆိုပါ ပရိသတ် ရောင်းချလိုတဲ့ မုန်လာဥတွေကို ဝယ်ယူသွားခဲ့ပါတယ်။

  • Brie Larson

ကပ္ပတိန် Marvel မမ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Brie Larson ကတော့ Animal Crossing: New Horizons ကို အစွဲလန်းကြီး စွဲလန်းလို့ နေခဲ့ပြီ ဖြစ်ပါတယ်။ သူမရဲ့ တွစ်တာ စာမျက်နှာ Animal Crossing နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မကြာခဏ ဝေမျှလေ့ရှိသလို Animal Crossing: New Horizons စတင် ထွက်ရှိခဲ့တဲ့ အချိန်တုန်းကလည်း အဆိုပါဂိမ်းနဲ့ ပတ်သက်ပြီး ကြော်ငြာမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

REF: OneEsports