နာမည်ကျော် တရုတ် Dota 2 အသင်းများ ပါဝင်တဲ့ ပြိုင်ပွဲတစ်ခုကို မကြာမီ အချိန်အတွင်း မြင်တွေ့ရတော့မည်

နာမည်ကျော် တရုတ် Dota 2 အသင်းများ ပါဝင်တဲ့ ပြိုင်ပွဲတစ်ခုကို မကြာမီ အချိန်အတွင်း မြင်တွေ့ရတော့မည်

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် Dota 2 ပြိုင်ပွဲ အများစုကို ရပ်နားထားပြီ ဖြစ်တာကြောင့် Dota 2 ချစ်ပရိသတ်တွေ အတွက် တကယ်ကို စိတ်ပျက်စရာ ကောင်းလှတဲ့ ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်။

ယခုအခါမှ‌တော့ တရုတ်နိုင်ငံ ပရိုဖက်ရှင်နယ် Dota 2 အဖွဲ့အစည်း (Chinese DOTA2 Professional Associaton) ရဲ့ ကြေညာချက်များအရ နာမည်ကျော် တရုတ် Dota2 အသင်းတွေ ပါဝင်တဲ့ Chinese Dota 2 League အမည်ရ ဒေသတွင်း ပြိုင်ပွဲတစ်ခုကို မကြာမီ အချိန်အတွင်း မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Chinese Dota 2 League ပြိုင်ပွဲကို DPC ပြိုင်ပွဲတွေ မစတင်ခင် အချိန်ထိ ကျင်းပသွားမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့ အတွက် အွန်လိုင်း ပြိုင်ပွဲ အဖြစ်သာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Chinese Dota 2 League ပြိုင်ပွဲမှာ နာမည်ကျော် တရုတ် Dota 2 အသင်းတွေဖြစ်တဲ့ Vici Gaming, PSG.LGD, Invictus Gaming, Team Aster, Royal Never Give Up, Keen Gaming, Newbee, EHOME တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Team Aster 

လက်ရှိအချိန်မှာ Chinese Dota 2 League ပြိုင်ပွဲကို ကျင်းပသွားမယ့် နေ့ရက်တွေ၊ အချိန်တွေ၊ ဆုကြေးငွေတွေနဲ့ ပတ်သတ်ပြီး အတိအကျ မသိရသေးပေမယ့် Invictus Gaming အဖွဲ့အစည်းရဲ့ Weibo ကနေ ကြေညာချက်များ အရ မကြာခင် အချိန်အတွင်းမှာ မြင်တွေ့ရနိုင်ပါတယ်။

Vici Gaming

မကြာသေးခင် အချိန်ကလည်း တောင်အမေရိက Dota 2 အသင်းတွေ ပါဝင်မယ့် No Major No Problem ပြိုင်ပွဲကို မတ်လ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့သလို နာမည်ကျော် ပြိုင်ပွဲ စီစဥ်ရေး အဖွဲ့အစည်း WePlay အနေနဲ့လည်း Covid19 ကပ်ဘေးသင့် ဒေသများကို ငွေကြေး ထောက်ပံ့ပေးနိုင်ဖို့ အတွက် WeSave! Charity Play Dota 2 ပြိုင်ပွဲကြီးကို မကြာခင် အချိန်အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Invictus Gaming

ဒါကြောင့် DPC Event တွေ ဖျက်သိမ်းသွားခဲ့ပေမယ့်လည်း Dota2 ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့ရတဲ့ ချစ်ပရိသတ်တွေ အနေနဲ့ နာမည်ကျော် Dota 2 အသင်းတွေ ပါဝင်မယ့် ပြိုင်ပွဲကောင်းတွေကို ဆက်တိုက် ဆိုသလို ကြည့်ရှုခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

REF: VpEsports