"သင့်ကိုယ်သင် ဘယ်လိုသတ်မှတ်မလဲ " ဆိုတဲ့ Lizzie Velasquez အကြောင်း

လူတိုင်းလူတိုင်းမှာ Insecurity  ဖြစ်တဲ့ဖြစ်တည်မှုလေးတွေရှိတာပေါ့နော်။ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် insesure ဖြစ်တဲ့နေရာချင်းတော့မတူဘူးပေါ့နော်။ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပြီး ရုပ်ဆိုးတယ်ဆိုပြီးအမြဲထင်နေတာလား? ကိုယ့်ကိုသူများကရော ရုပ်ဆိုးတယ်ဆိုပြီးအပြောခံရဖူးလား? ကိုယ့်ကိုကိုယ်အားငယ်နေတယ်ဆိုရင် အားတက်သွားအောင်အမျိုးသမီးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။ သူမက Lizzie ပဲဖြစ်ပါတယ်။သူမကအသက် ၁၇နှစ်အရွယ်မှာ ကမ္ဘာပေါ်မှာရုပ်အဆိုးဆုံးမိန်းမ ဆိုပြီး You Tube မှာအဆင်ခံခဲ့ဖူးပါတယ်။လူတွေကသူမှာနဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့လည်းအမျိုးမျိုးဝေဖန်ရှုပ်ချတာခံရပါတယ်။

သူမငယ်ငယ်တုန်းကလည်း သူမရဲ့အတန်းဖော်တွေက သူမက Monster တစ်ကောင်လိုကြောက်လန့်ကျပါတယ်။သူမဟာရှားပါးပြီး လူအနည်းစုမှာသာဖြစ်တဲ့ ကုမရတဲ့ရောဂါကိုမွေးကတည်းကပါလာတဲ့သူလေးပါ။သူမဘယ်လောက်ပဲအစားအသောက်တွေစားစားမဝပါဘူး။ခြေထောက်လေးတွေကလည်းပိန်လှီနေတာပါ။သူမရဲ့မျက်လုံးတစ်ဖက်ကလည်းမကောင်းပါဘူး။ဒါပေမဲ့ သူမတစ်ခုကံကောင်းတာကသူမမိသားစုရဲ့ ချစ်ခြင်းတရားတွေကိုအပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကသူ့ကိုယ်သူအပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာနဲ့သူ့မရဲ့စိတ်ပိုင်းဆိုင်ရာကိုအကောင်းဆုံးကိုကောင်းကောင်းတည်ဆောက်နိုင်ခဲ့ပါတယ်။

အောင်မြင်ကျော်ကြားမှုတွေနဲ့ပြည့်နက်နေတဲ့ခေတ်ကြီးမှာ လီဇာကလူတိုင်းကိုမေးခွန်းထုတ်လိုက်ပါတယ်။အဲ့တာကဘာလဲဆိုတော့ " သင့်ကိုယ်သင် ဘယ်လိုသတ်မှတ်မလဲ " ဆိုပြီလူတိုင်းကိုမေးခွန်းထုတ်လိုက်ပါတယ်။လီဇာက စာအုပ်တွေရောထုတ်ဝေနိုင်ခဲ့ပါတယ်။ ကမ္ဘပေါ်မှာရုပ်အဆိုးဆုံးမိန်းမလို့သတ်မှတ်ခဲထားရတဲ့ သူမတောင် ဘဝကိုအရှုံးမပေးပဲ ရင်ဆိုင်နိုင်သေးတာပဲ။ကိုယ်ကလည်းဘာလို့ ပတ်ဝန်းကျင်ကစကားတွေနဲ့ အပြစ်တင်ခဲနေမလဲ ။

Photo Credit - goals.com

Kelly - Akhayar Lifestyle