Virtus Pro CSGO အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ AdreN

CIS အခြေစိုက် CSGO အသင်း Virtus Pro ကတော့ အသင်းရဲ့ နာမည်ကျော် Rifler ဖြစ်သူ Dauren “AdreN” Kystavubayev နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ AdreN အနေနဲ့ Virtus Pro CSGO အသင်းကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး (၈) လ အကြာမှာ အခုလို ပြန်လည် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

“AdreN က တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ AdreN ရဲ့ အတွေ့အကြုံတွေက အသင်းတိုင်း အတွက် အကျိုးရှိစေမှာ ဖြစ်သလို ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ AdreN ကို အသင်းတိုင်းက လက်တွဲဖို့ အတွက် စောင့်ဆိုင်းနေမယ်လို့ ယုံကြည်မိပါတယ်။ ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လို့ Virtus Pro ရဲ့ General Manger ဖြစ်သူ Sergey Glamazda ကတော့ ပြောကြား သွားခဲ့ပါတယ်။

AdreN အနေနဲ့ ယခင် အသင်းတွေမှာ ဆုဖလားပေါင်း များစွာကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း Virtus Pro CSGO အသင်းမှာတော့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ Virtus Pro CSGO အသင်းကနေ ထွက်ခွာခဲ့ရခြင်းနဲ့ ပတ်သက်ပြီး AdreN ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Virtus Pro CSGO အဖွဲ့သားတွေနဲ့ အတူတကွ တွဲဖက် လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော့် အတွက်တော့ ဘဝစာမျက်နှာ အသစ် တစ်ခုကို နောက်ထပ် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဘာတွေ ဆက်ဖြစ်လာမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မကြာခင် ပြန်လည် ဆုံတွေ့နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

လက်ရှိအချိန်မှာ Virtus Pro CSGO အသင်းဘက်တော့ AdreN နေရာ အစားထိုးသွားမယ့် ကစားသမားနဲ့ ပတ်သက်ပြီး ကြေညာခြင်း မရှိသေးတာကြောင့် ဘယ်ကစားသမားကို ခေါ်ယူသွားမလည်း ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Virtus Pro CSGO အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Alexey “qikert” Golubev
  • Dzhami “Jame” Ali
  • Sanjar “SANJI” Kuliev
  • Mareks “YEKINDAR” Galinskis
  • Dastan “dastan” Akbayev – Coach

REF: VpEsports