TI 10 ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Ana

The International 2017 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်ကတည်း An‌a တစ်ယောက် OG Dota 2 အသင်းရဲ့ ကစားသမား ဘဝကနေ မကြာခဏ အနားယူလေ့ ရှိပေမယ့် The International ပြိုင်ပွဲကြီး နီးကပ်လာတာနဲ့ OG Dota 2 အသင်းကို ပြန်လည် ရောက်ရှိလာခဲ့သလို TI 8, TI 9 စတဲ့ ပြိုင်ပွဲနှစ်ခုလုံးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ၂ နှစ်ဆက်တိုက် TI ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မကြာသေးမီ အချိန်က OG Dota 2 အသင်း အနေနဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့တာကြောင့် OG Dota 2 ချစ်ပရိသတ်တွေ အနေနဲ့ Ana တစ်ယောက် အခြားသော OG Dota 2 အသင်းသားတွေနဲ့အတူ ဆက်လက် တည်ရှိနေမလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြပါတယ်။ ကံဆိုးစွာနဲ့ပဲ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်လာခဲ့ခြင်း မရှိဘဲ Ana တစ်ယောက် ထပ်မံ အနားယူသွားခဲ့ပါတယ်။

The International 2018, The International 2019 စတဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတွေမှာ ၂ နှစ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ Dota 2 အသင်း OG ရဲ့ Carry ကစားသမားဖြစ်သူ Anathan “Ana” Pham ကတော့ 2019-2020 DPC ရာသီ ပြီးဆုံးသွားတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်ကြောင်း တရားတင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

အခုလို Ana တစ်ယောက် TI 10 ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီ ဖြစ်တာကြောင့် လစ်လပ်သွားတဲ့ Ana ရဲ့ နေရာအတွက် ဘယ်သူ့ကို အစားထိုးသွားမယ် ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပသွားမယ့် TI 9 True Sight ပြပွဲမှာ Ana နေရာမှာ အစားထိုးသွားမယ့် ကစားသမား အသစ်ကို မိတ်ဆက်သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် Sumail ကိုပဲ ခေါ်ယူသွားမလား၊ MidOne ကိုပဲ ခေါ်ယူသွားမလား ဒါမှမဟုတ် OG ထုံးစံအတိုင်း Topson လို Pub-Star တစ်ဦးဦးကို ထပ်မံ ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports