LA Major Closed Qualifier ကို တက်လှမ်းနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ပရိသတ် အချစ်တော် Dendi ရဲ့ ကိုယ်ပိုင် Dota 2 အသင်း B8

Dota 2 လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးလည်းဖြစ်၊ ပရိသတ် အများစုရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်တဲ့ Dendi အနေနဲ့ ကိုယ်ပိုင် Dota 2 အသင်းကို တည်ထောင်သွားမှာဖြစ်ကြောင်း ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုပေးခဲ့ပေမယ့် 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major မစတင်ခင် အချိန်မှသာ Dota 2 အသင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တရားဝင် ထုတ်ပြန် ကြေငြာပေးခဲ့ပါတယ်။

Dendi ကိုယ်တိုင် တည်ထောင်ထားတဲ့ Dota 2 အသင်း B8 မှာ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ KingR, Lebron, Ghostik တို့ ပါဝင်ခဲ့သလို Mid Lane မှာလည်း Dendi ကိုယ်တိုင် ဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း B8 Dota 2 အသင်းရဲ့ Carry Position အတွက် ကြိုတင် ကမ်းလှမ်းထားခဲ့တဲ့ ကစားသမားဖြစ်သူ Cooman ကို VP Dota 2 အသင်းက လက်ရည်စစ်ပွဲ မတိုင်ခင် အချိန်မှာ ခေါ်ယူသွားခဲ့တာကြောင့် အတွေ့အကြုံ အနည်းငယ်သာ ရှိသေးတဲ့ Carry ကစားသမားဖြစ်သူ Pio65 နဲ့သာ ESL One LA Major Open Qualifier မှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရပါတယ်။

Dendi

LA Major Open Qualifier Day 1 မှာ B8 Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့်လည်း Day 2 မှာတော့ Dota 2 လောကမှာ နာမည်ကျော်ကြားခြင်း မရှိသေးတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Modus Unity Dota 2 အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို စောစောစီးစီးပဲ ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း B8 Dota 2 အသင်းကို ဖွဲ့စည်းခဲ့တာ အချိန်သိပ်မကြာသေးသလို Carry ကစားသမားဖြစ်တဲ့ Pio65 ကိုလည်း လက်ရည်စစ်ပွဲ ယှဥ်ပြိုင်ဖို့ အချိန် နီးကပ်မှ ခေါ်ယူခဲ့တာ ဖြစ်တာကြောင့် Dendi တို့ တစ်သိုက် လက်ရည်စစ်ပွဲ ကာလမှာ ကောင်းမွန်တဲ့ ကစားဟန် တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း မရှိတာလို့ ထင်မြင်မိပါတယ်။

Lebron

ဒါကြောင့် Dendi ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ B8 Dota 2 အသင်း အနေနဲ့ နောင်ကျင်းပသွားမယ့် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး ပရိသတ် အချစ်တော် ကစားသမားကြီး Dendi ကို Dota 2 စင်မြင့်ထက်မှာ ပြန်လည် မြင်တွေ့ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports