ကိုယ့်ရဲ့အလှတရားကိုဖျက်ဆီးနေတဲ့ ဆားဝက်ခြံတွေကိုဘယ်လိုဖယ်ရှားရမလဲ

ဆားဝက်ခြံဆိုတာကအကောင်သေးသလောက် အဆိပ်ပျင်းတယ်လို့ပြောလို့ရပါတယ်။ ဆားဝက်ခြံကလူတော်တော်များများဆီမှာရှိပါတယ်။ မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေတာကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုဖြစ်ပါတယ်။ဆားဝက်ခြံဘာလို့ထွက်လာတာလဲဆိုရင် ဟော်မုန်းပြောင်းအလဲကြောင့်လည်းဖြစ်တတ်သလို ၊ ဘက်တီရီးယားတို့ပေါင်းစပ်မှုတို့ကြောင့် ချွေးပေါက်လေးတွေကပိတ်မိနေပြီ၊ ဆားဝက်ခြံအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။
ဆားဝက်ခြံတွေက ကုသရတာခက်သလောက်၊ကာကွယ်ဖို့လည်းခက်ပါတယ်။တကယ်လို့ ကိုယ့်ဆီမှာဆာဝက်ခြံတွေထွက်စပြုနေပြီ ဆိုရင်တော့ကြိုတင်ကာကွယ်လို့ရတဲ့နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်နော်။


ပထမဆုံးအစားအသောက်ကနေစရှောင်ပေးရပါမယ်အဆီများတဲ့အစားစာတွေဆိုလုံးဝရှောင်ပေးသင့်ပါတယ်။ရေကိုလည်းပုံမှန်သောက်နေတာထက်ပိုသောက်ပေးရပါမယ်။ခရမ်းချဉ်သီးအနှစ်ကိုလည်းအခွံခွာပြီးအသုံးပြုလို့ရပါတယ်။ခရမ်းချဉ်သီးရဲ့အာနိသင်က ဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ပေးတဲ့အတွက် ဆားဝက်ခြံတွေကိုလည်းလျော့နည်းစေပါတယ်။

ပျားရည်ကိုလည်း အသုံးပြုလို့ရပါတယ်နော်။ပျားရည်ကိုတော့ ၁၅မိနစ်ခန့်လောက်ကိုယ်မျက်နှာကိုလိမ်းပေးပြီး ရေနွေးလေးနဲ့ ပေါင်းတင်ပေးသင့်ပါတယ်။ ဆားဝက်ခြံတွေထွက်လာရင် လက်နဲ့ ခဏခဏမကုပ်မိအောင်နေသင့်ပါတယ်။လက်နဲ့ကုပ်လိုက်ရင်ပိုပြီးတော့ပွားလာတတ်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -Huffpost