DreamLeauge Season 11 မှာ အစားထိုးကစားသမားဖြင့် ဝင်ရောက်ကစားသွားမယ့် Beastcoast

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်လာမယ့် DreamLeauge Season 13 Leipzig Major ပြိုင်ပွဲကို ကျင်းပသွားဖို့ အတွက် ၁ ပတ်ကျော်သာ လိုအပ်ပါတော့တယ်။ အခုလို ပြိုင်ပွဲကျင်းပသွားဖို့ နီးကပ်လာတဲ့ အချိန်မှာ Beastcoast Dota 2 အသင်း အနေနဲ့ DreamLeague Season 13 Leipzig Major ပြိုင်ပွဲမှာ အစားထိုး ကစားသမား တစ်ဦးဖြင့် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

The International 2019 ပြိုင်ပွဲမှာ နာမည်ကျော် အသင်းကြီးတွေကို အခက်တွေ့အောင် ကစားနိုင်ခဲ့တာကြောင့် နာမည်ရလာခဲ့တဲ့ Beastcoast အသင်းသားတွေ အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu ပြိုင်ပွဲမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

Beastcoast

အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ပြိုင်ပွဲ အများစုမှာ ပြသနိုင်ခဲ့တာကြောင့် တောင်အမေရိက Dota 2 ချစ်ပရိသတ်တွေ အနေနဲ့ Beastcoast Dota 2 အသင်းကို DreamLeague Season 13 Leipzig Major မှာလည်း ထိုက်သင့်တဲ့ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Beastcoast အသင်းရဲ့ ထုတ်ပြန်ကြေငြာချက်များအရOfflane ကစားသမားဖြစ်သူ Adrian “Wisper” Cespedes Dobles အနေနဲ့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေတာကြောင့် DreamLeague Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဂျာမနီနိုင်ငံကို လိုက်လာနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒ့ါအပြင် Wisper အနေနဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲ ကာလမှသာ အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လစ်လပ်သွားတဲ့ Wisper နေရာမှာတော့ Pain Gaming ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ Rodrigo “Lelis” Santos အနေနဲ့ ဝင်ရောက် ကစားပေးသွားမှာ ဖြစ်ပါတယ်။ Lelis ဆိုတာကတော့ ဘရာဇီးနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား တစ်ဦးဖြစ်ပြီး Pain Gaming, Flying Penguin, Pain X, SG E-sports စတဲ့ နာမည်ကျော် Dota 2 အသင်းတွေမှာ ဝင်ရောက် ကစားဖူးတဲ့ အတွေ့အကြုံရင့် Offlane ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Lelis

Wisper လိုက်ပါနိုင်ခြင်း မရှိပေမယ့် Lelis ဆိုတာကလည်း ကစားသမားကောင်း တစ်ဦး ဖြစ်တာကြောင့် Beastcoast Dota 2 အသင်း အနေနဲ့ DreamLeauge Season 13 Leipzig Major ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

DreamLeauge Season 13 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Beastcoast Dota 2 အသင်းသားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Hector “K1” Antonio Rodriguez
  • Jean “Chris Luck” Pierre Gonzales
  • Rodrigo “Lelis” Santos
  • Elvis De La Curz “Scofield” Pena
  • Steven “Stinger” Vargas

REF: VpEsports