၂၀၁၀ မှ ၂၀၁၉ ဆယ်စုနှစ် အတွင်း ပရိသတ် အကြိုက်နှစ်သက်ဆုံး ဗွီဒီယိုဂိမ်းများ

ဗွီဒီယိုဂိမ်း ထုတ်လုပ်ရေးကို စတင်ခဲ့စဉ် အချိန်မှာ လူအများ အနေနဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်နိုင်မယ့် လုပ်ငန်းအဖြစ် လူအများစု အနေနဲ့ လက်ခံခဲ့ကြခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၁၀ ခန့်က စတင်ကာ ဗွီဒီယိုဂိမ်းလောက အနေနဲ့ တဟုန်ထိုး ပြောင်းလဲလာခဲ့ပြီး လက်ရှိအချိန်မှာ ဗွီဒီယိုဂိမ်း ထုတ်လုပ်ရေးကို လုပ်ကိုင်ပြီး ဘီလီယံနဲ့ချီတဲ့ ပိုက်ဆံတွေကို ရှာဖွေနိုင်ခဲ့တဲ့ လုပ်ငန်းစုပေါင်းများစွာ ပေါ်ပေါက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၀ မှ ၂၀၁၉ ဆယ်စုနှစ် အတွင်းမှာ ပရိသတ် အများစုရဲ့ နှစ်သက်ခြင်းကို ရယူနိုင်ခဲ့တဲ့ ဗွီဒီယိုဂိမ်း အများစု ပေါ်ပေါက်ခဲ့သလို အချို့သော ဂိမ်းတွေဟာ ဆိုရင်လည်း ရုပ်ရှင်တွေထက်တောင် ဇာတ်လမ်းပိုင်းမှာ ပိုမို ကောင်းမွန်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ နှစ်သက်မှုကိုပါ အရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၀ မှ ၂၀၁၉ ဆယ်စုနှစ်အတွင်းမှာ ပရိသတ် အများစုရဲ့ နှစ်သက်မြတ်နိုးခြင်းကို ခံယူနိုင်ခဲ့တဲ့ ဗွီဒီယိုဂိမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Grand Theft Auto V (2013)
  • The Legend of Zelda: Breath of the Wild (2017)
  • Fortnite (2017)
  • Dark Souls (2011)
  • League of Legends (2009)
  • Pokemon Go (2016)
  • Minecraft (2009)
  • The Elder Scrolls V: Skyrim (2011)
  • Portal 2 (2011)
  • Disco Elysium (2019)

REF: Time