၂၀၁၉ ခုနှစ်အတွင်း လူကြိုက်အများဆုံး ဗွီဒီယိုဂိမ်းများ

တစ်နှစ်တာ ကာလပတ် ပြီးဆုံးသွားတဲ့ အခါမှာ တစ်နှစ်တာ အတွင်း ထွက်ရှိထားတဲ့ ဂိမ်းတွေအထဲမှ အကောင်းဆုံး ဂိမ်းတွေကို ရွေးထုတ်ရတာ တကယ်ကို လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၁၉ ခုနှစ်လို ဟိုလေးတကျော် လူကြိုက်များတဲ့ ဗွီဒီယိုဂိမ်းတွေ ထွက်ရှိလာခြင်း မရှိတဲ့ နှစ်တွေမှာ အကောင်းဆုံး ဂိမ်းတွေကို ရွေးချယ်ရတာ ပိုလို့တောင် ခက်ခဲပါသေးတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ The Legend of Zelda: Breath of the Wild, God of War တို့လို ဗွီဒီယိုဂိမ်း ပရိသတ် အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့တဲ့ ဗွီဒီယိုဂိမ်းတွေ ပေါ်ပေါက်လာခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ပေါ်ထွက်လာခဲ့ခြင်း မရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။

ဒါကြောင့် နာမည်ကျော် မီဒီယာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ The Verge အနေနဲ့ ပရိသတ်တွေကို လူကြိုက် အများဆုံး ဗွီဒီယိုဂိမ်းတွေနဲ့ ပတ်သတ်ပြီး စစ်တမ်း ကောက်ခဲ့ပါတယ်။၂၀၁၉ ခုနှစ် အတွင်း ထွက်ပေါ်ခဲ့တဲ့ ဗွီဒီယိုဂိမ်းတွေ အထဲမှ လူကြိုက်အများဆုံး ဗွီဒီယိုဂိမ်းတွေက‌တော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

BABA IS YOU

CONTROL

DEVIL MAY CRY 5

FIRE EMBLEM: THREE HOUSES

THE LEGEND OF ZELDA: LINK’S AWAKENING

OUTER WILDS

POKEMON SOWRD AND SHIELD

SEIKRO: SHAWDOWS DIE TWICE

TELLING LIES

UNTITLED GOOSE GAME

REF: The Verge