ZILONG ကို ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့တဲ့ Bigetron Alpha MLBB အသင်းနည်းပြ RUBEN SUTANTO

ZILONG ကို ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့တဲ့ Bigetron Alpha MLBB အသင်းနည်းပြ RUBEN SUTANTO

Bigetron Alpha ဆိုတာကတော့ Mobile Legends: Bang Bang Professional League Season 5 Indonesia ပြိုင်ပွဲမှာ ဝင်‌ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ ပရိုဖက်ရှင်နယ် MLBB အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ Bigetron Alpha MLBB အသင်း အနေနဲ့ MPL Indonesia Season 5 ပြိုင်ပွဲရဲ့ နံပါတ် တစ်နေရာကို ၉ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ဖြင့် သိမ်းပိုက်နိုင်ခဲ့သလို နည်းပြဖြစ်သူ Ruben Sutanto အနေနဲ့ အခြားအသင်းတွေနဲ့ မတူကွဲပြားတဲ့ Drafting တွေနဲ့ Bigetron Alpha MLBB အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးလျက် ရှိပါတယ်။

MPL ID Season 5

Bigetron Alpha MLBB အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်တစ်ခုမှာ ပြိုင်ပွဲတွေမှာ မြင်တွေ့ရလေ့ မရှိတဲ့ Eudora ကို အသုံးပြုခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ONE Esports မှ မေးမြန်းခဲ့ရာမှာ နည်းပြကြီး Ruben Sutanto ကတော့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

“Mobile Legends မှာ Hero အစုံကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်ဖို့ တကယ်ကို အရေးကြီးပါတယ်။ Geek Fam နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ Eudora ကို အသုံးပြုခဲ့တာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့တွေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့တွေ မသိတာက ကျွန်တော်တို့တွေ Eudora ကို ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ လေ့ကျင့်နေခဲ့တာ အချိန်အတော် ကြာသွားခဲ့ပြီ ဆိုတာပါပဲ။ နောက်ပိုင်း ပွဲစဥ်တွေမှာလည်း Eudora ကို ဆက်လက် အသုံးပြုသွားမှာပါ။

Eudora

အင်ဒိုနီးရှားနိုင်ငံတွင်း ပြိုင်ဘက်တွေနဲ့ ယှဥ်ပြိုင်ရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာ MLBB အသင်းတွေနဲ့ ယှဥ်ပြိုင်ရာမှာပဲဖြစ်ဖြစ် Eudora ကို အဆင်ပြေရင် ပြေသလို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Eudora က တကယ်ကို ကောင်းမွန်တဲ့ Hero ပါ။ သူ့ဆီမှာ ပါဝင်တဲ့ Spell တွေက Damage ပြင်းသလို၊ Stun လည်း ပါဝင်တာကြောင့် Battle တွေမှာ တကယ်ကို အသုံးဝင်ပါတယ်။

Zilong

ကျွန်တော့် တစ်ဦးတည်း အမြင်ရတော့ MLBB Hero အားလုံးကို ပြိုင်ပွဲတွေမှာ အသုံးပြုလို့ ရနိုင်တယ်လို့ ထင်မြင်မိပါတယ်။ Zilong က လွဲလို့ပေါ့ဗျာ။ Zilong ကိုတော့ ဘယ်လိုမှ ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ အဆင်ပြေမယ်လို့ မထင်မိသလို ကျွန်တော်တို့ အသင်း အနေနဲ့လည်း ပြိုင်ပွဲတွေမှာ Zilong ကို လုံးဝ အသုံးပြုသွားမှာ မဟုတ်ပါဘူး။”

REF: OneEsports