Twitch ကနေပါ ဘန်းခံလိုက်ရတဲ့ ပရို Dota2 ကစားသမား Black

Twitch ကနေပါ ဘန်းခံလိုက်ရတဲ့ ပရို Dota2 ကစားသမား Black

ဝါရင့် Dota2 ကစားသမားကြီး Black ကတော့ ၂၀၁၇ ခုနှစ်၊ Faceless Dota2 အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို ယခုအခါမှာလည်း Streaming ပြုလုပ်လျက်ရှိတဲ့ Twitch Channel ပါ ဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။

Black အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း T1, LGD.International စတဲ့ SEA အခြေစိုက် အသင်းတွေမှာ ကျင်လည်ခဲ့ပေမယ့် မည်မည်ရရ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခြင်း မရှိတာကြောင့် နေရပ်ဖြစ်တဲ့ ဂျာမနီကို ပြန်လာပြီး Streaming သာ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ အစောပိုင်းမှာ Black တစ်ယောက် နာမည်ကျော် Dota2 Streamer တစ်ဦးဖြစ်တဲ့ SingSing နဲ့အတူ Streaming ပြုလုပ်ရင်း ဘန်းခံခဲ့ရတာဖြစ်ပြီး ဘန်းမခံရခင် အချိန်အထိ Black နဲ့ SingSing တို့ အနေနဲ့ Twitch ကနေ ဘန်းခံရဖို့ အင်မတန်ကို လွယ်ကူကြောင်း၊ Streamer တွေ အနေနဲ့ Streaming ပြုလုပ်ရာမှာ စကားလုံး အသုံးအနှုန်းတွေကို ဂရုစိုက်သင့်ကြောင်း ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။

အခြားသော Streamer တွေကို သတိပေးနေရင်း တန်းလန်းနဲ့ပဲ Black တစ်ယောက် အခုလို Twitch ဘန်းခံခဲ့ရတာ ဖြစ်သလို လက်ရှိအချိန်ထိ အမြဲတမ်း ဘန်းခံရတာလား ဒါမှမဟုတ် အချိန်တစ်ခု အထိပဲ ဘန်းခံရတာလား ဆိုတာကိုလည်း သိရှိရခြင်း မရှိသေးပါဘူး။

Reddit ကနေ တစ်ဆင့် ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များ အရ Black အနေနဲ့ Streaming Session တစ်ခုမှာ လူမျိုးရေး ခွဲခြားတဲ့ N- စကားလုံးနဲ့ အသံထွက် ဆင်တူတဲ့ စကားလုံး တစ်ခုကို ပြောမိခဲ့ကြောင်း၊ SingSing နဲ့အတူ Streaming ပြုလုပ်ရာမှာလည်း ရုရှားလို ရိုင်းပြတဲ့ စကားလုံး တစ်ခုကို သုံးနှုန်းမိခဲ့ကြောင်း၊ အဆိုပါ အချက်တွေကြောင့် ဘန်းခံရတာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လျက် ရှိပါတယ်။

လက်ရှိအချိန်မှာ Black ဘက်ကတော့ Twitch ကနေ ဘန်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးခြင်း မရှိသေးသလို အခုလို Twitch ကနေ ဘန်းခံရတာဟာ Black အတွက် ပထမဆုံး အကြိမ် ဖြစ်တာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ Black တစ်ယောက် Streaming ပြုလုပ်နေတာကို ပြန်လည် မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: AfkGaming