INTZ CSGO အသင်းရဲ့ ကစားသမားဟောင်းတွေကို ခေါ်ယူပြီး CSGO အသင်းသစ်ကို ဖွဲ့စည်းလိုက်တဲ့ BOOM Esports

အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း BOOM အနေနဲ့ INTZ CSGO အသင်းရဲ့ ကစားသမားဟောင်း ငါးဦးကို ခေါ်ယူပြီး CSGO အသင်းသစ်ကို ထပ်မံ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

BOOM Esports အဖွဲ့အစည်း အနေနဲ့ အင်ဒိုနီးရှား နိုင်ငံသား ငါးဦးဖြင့် ဖွဲ့စည်းထားတဲ့ CSGO အသင်း တစ်သင်းကို ပိုင်ဆိုင်ထားပြီး ဖြစ်ပေမယ့် အခုလို ဘရာဇီးသား ငါးဦးဖြင့် CSGO အသင်းသစ်ကို ထပ်မံ ဖွဲ့စည်းလိုက်ပြီ ဖြစ်တာကြောင့် အဖွဲ့အစည်း လက်အောက်ခံ CSGO အသင်း နှစ်သင်းကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

BOOM CSGO အသင်းသစ်ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်းနဲ့ ပတ်သတ်ပြီး BOOM Esports အဖွဲ့အစည်းရဲ့ CEO လည်းဖြစ်၊ Founder ဖြစ်တဲ့ Gary Ongko Putera ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“၂၀၂၀ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှ ကစားသမားကောင်းတွေ၊ အသင်းကောင်းတွေကို ခေါ်ယူဖို့ အတွက် အခွင့်အရေးပေါင်း များစွာ ရရှိခဲ့ပါတယ်။ အဲဒီအထဲကမှ INTZ CSGO အသင်းရဲ့ ကစားသမားဟောင်းတွေက ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ အသင့်တော်ဆုံး ဖြစ်တယ်လို့ ထင်မြင်မိတာကြောင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေ အနေနဲ့ ကမ္ဘာ့အကောင်ဆုံး CSGO အသင်း အဖြစ် ရပ်တည်သွားနိုင်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြလျက် ရှိကြပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်စေဖို့ အတွက် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ အစွမ်းကုန် အထောက်အပံ့တွေ ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။”

BOOM CSGO

INTZ CSGO အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Alessandro “Apoka” Marcucci ကလည်း BOOM Esports ကိုယ်စားပြု CSGO အသင်း အဖြစ် ကစားခွင့် ရရှိခဲ့တာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“BOOM Esports အဖွဲ့အစည်းရဲ့ အထောက်အပံ့တွေနဲ့ဆိုရင် ကမ္ဘာ့အကောင်းဆုံး CSGO အသင်းအဖြစ် ရပ်တည်နိုင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပိုမို လျှင်မြန်စွာ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်မိပါတယ်။”

BOOM CSGO အသင်းသစ် အနေနဲ့ ၂၀၂၀ ခုနှစ်၊ ၃ လပိုင်း၊ ၁၆ ရက်မှာ စတင် ကျင်းပသွားမယ့် ESL One Pro League Season 11 မှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Felps

BOOM CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Gustavo “yel” Knittel

Marcelo “chelo” Cespedes

Bruno “shz” Martinelli

Ricardo “Boltz” Prass

Joao “felps” Cabral Vasconcellos

Alessandro “Apoka” Marcucci (Coach)

REF: AfkGaming