LA Major Closed Qualifier အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ OG Esports အဖွဲ့အစည်း လက်အောက်ခံ Dota 2 အသင်းများ

2019-2020 DPC ရာသီရဲ့ တတိမြောက် Major ပြိုင်ပွဲ LA Major ရဲ့ Open Qualifier ပြိုင်ပွဲ အများစု ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ Closed Qualifier အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ Dota 2 အသင်းတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ EU Open Qualifier ကနေ Closed Qualifier ကို တက်လှမ်းနိုင်ခဲ့တဲ့ Dota 2 အသင်းတွေကတော့ OG Esports အဖွဲ့အစည်း လက်အောက်ခံ Dota 2 အသင်းတွေဖြစ်ကြတဲ့ OG နဲ့ OG. Seed တို့ပဲ ဖြစ်ပါတယ်။

OG

TI နှစ်ထပ်ကွမ်း ချန်ပီယံ Dota 2 အသင်းဖြစ်တဲ့ OG အနေနဲ့ 2019-2020 DPC ရာသီရဲ့ ကျင်းပပြီးစီးသွားခဲ့တဲ့ Major ပြိုင်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ခြင်း မရှိသလို LA Major စတင်ဖို့ သိပ်မလို့တော့တဲ့ အချိန်မှသာ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Sumail, Midone, Saksa တို့ကို ခေါ်ယူပြီး Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကစားသမား အသစ်တွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်တာကြောင့် OG Dota 2 အသင်း အနေနဲ့ Open Qualifier ကနေ ပြန်လည် ယှဥ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Open Qaulifier ပွဲစဥ် တစ်လျှောက် OG Dota 2 အသင်း အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး Closed Qualifier အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်အကြား သံသယဖြစ်နေတဲ့ Midone တစ်ယောက် Offlane မှာ ကောင်းကောင်း ကစားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုလည်း Midone ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ သံသယတွေကို အလွယ်တကူပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။

OG Seed

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲ မစတင်ခင် အချိန်မှာ ဖွဲ့စည်းခဲ့တဲ့ OG. Seed Dota 2 အသင်းကတော့ ဒုတိယမြောက် Major ဖြစ်တဲ့ Leipzig Major Open Qualifier မှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း TI 7 ချန်ပီယံ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ Nigma Dota 2 အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် Leipzig Major Closed Qualifier အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ESL One LA Major Open Qualifier အဆင့်မှာ OG Dota 2 အသင်းနည်းတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး Open Qualifier နောက်ဆုံး အဆင့်မှာ Sonneiko, MiLan, Charlie, Saberlight တို့ ပါဝင်တဲ့ Chicken Fighter Dota 2 အသင်းကို ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့တာကြောင့် Closed Qualifier အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ESL One LA Major 2020

လက်ရှိအချိန်မှာ LA Major Closed Qualifier ပွဲစဥ်တွေလည်း စတင်နေပြီ ဖြစ်တာကြောင့် OG Dota 2 နဲ့ OG. Seed Dota 2 အသင်း နှစ်သင်းလုံး LA Major ပြိုင်ပွဲကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports