ကောင်လေးတွေအနေနဲ့သိထားသင့်တဲ့ Fashion အမျိုးအစား

ကောင်လေးတွေလည်းဖက်ရှင်အမြဲကျနေဖို့အတွက် ဖက်ရှင်အကြောင်းနည်းနည်းပါးပါးသိဖို့တော့လိုအပ်ပါတယ်နော်။Korea Fashion  တွေကလည်းလူငယ်တွေကြားမှာအရမ်းကိုခေတ်စားလာတာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့အထာလည်းကျတဲ့ဖက်ရှင်တစ်ခုလို့လည်းပြောလို့ရပါတယ်။အလွယ်အကူဆုံးနဲ့ အမိုက်ဆုံးဖက်ရှင်တွေဖြစ်အောင်ဘယ်လိုတွဲစပ်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
Collar Shirt
Collar Shirt တွေကဝတ်ရတာသက်တောင့်သင့်သာလည်းးဖြစ်ပြီးချည်သားတွေဖြစ်တဲ့အတွက်အရမ်းပူတဲ့ရာသီနဲ့လည်းကိုက်ညီပါတယ်။Casusal Design ဖြစ်တဲ့အတွက် Jean Pant, Style Pant တွေနဲ့လည်းတွဲဝတ်လို့အဆင်ပြေပါတယ်။  Celebrity တော်တော်များများကလည်း သူတို့ရဲ့ ထသွားထလာ Fashion တစ်ခုအနေနဲ့လည်းဝတ်ဆင်ကြပါတယ်။

Flannel Shirt
Flannel Shirt တွေကတော့အားလုံလည်းသိတဲ့အတိုင်းအကွက်ဒီဇိုင်းလေးတွေပါ။ကျောင်းတက်နေတဲ့လူငယ်တွေအများဆုံးဝတ်ဆင်ကြတဲ့ Shirt ဆိုလည်းမမှားပါဘူး။များသောအားဖြင့် Fannel Shirt တွေကိုအောက်ကနေ White  Shirtတွေကို Layering တစ်ခုအနေနဲ့ခံပြီးဝတ်ဆင်ကြပါသေးတယ်။Jean Pant တွေနဲ့လည်းတွဲဝတ်ပြီး Shoes တွေသိုမဟုတ် Sneaker မျိုးတွေနဲ့တွဲဝတ်သင့်ပါတယ်။


Short Pant
အရပ်မြင့်တဲ့ကောင်လေးတွေအတွက်ရော၊ အရပ်ပုတဲ့သူတွေအတွက်ပါဝတ်လို့လိုက်ဖက်ပြီးတော့  T-shirt ပွပွလေးတွေဒါမှမဟုတ် ကိုယ့်ရဲ့Body နဲ့ Fit ဖြစ်တဲ့ Shirt မျိုးနဲ့လည်းတွဲဝတ်လို့ရပါတယ်။Short Pant တွေကိုရွေးချယ်မယ်ဆိုရင် ခပ်ပွပွပုံစံမျိုးလေးတွေရွေးချယ်သင့်ပါတယ်နော်။

Photo Credit -Pinterest

Kelly - Akhayar Lifestyle