Team Liquid နဲ့ ပူးပေါင်းနိုင်တော့မှာဖြစ်တဲ့ နာမည်ကျော် LoL ကစားသမား Broxah

နာမည်ကျော် Esports အဖွဲ့အစည်း Team Liquid အနေနဲ့ ၂၀၁၉ LoL ရာသီ ပြီးဆုံးချိန်မှာ အသင်းရဲ့ Jungle ကစားသမားဖြစ်သူ Jake “Xmithie” Pucherro နဲ့ လမ်းခွဲခဲ့ပြီး LoL လောကရဲ့ နာမည်ကျော်ကြား လူကြိုက်များတဲ့ ကစားသမား တစ်ဦးလည်းဖြစ်၊ Fnatic LoL အသင်းရဲ့ အဓိက ကစားသမား တစ်ဦးလည်းဖြစ်တဲ့ “Broxah” ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပါတယ်။

Broxah

၂၀၂၀ LoL ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့ Team Liquid အနေနဲ့ Broxah ကို စောစီးစွာ စာချုပ်ချုပ်ဆို‌ ခေါ်ယူခဲ့ပေမယ့် Broxah အနေနဲ့ ဗီဇာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လက်ရှိအချိန်ထိ အသင်းသစ်နဲ့ ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ယခုအခါမှာတော့ Broxah တစ်ယောက် ဗီဇာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် Team Liquid နဲ့ မကြာခင် အချိန်အတွင်း ပူးပေါင်းနိုင်တော့မှာဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် တရားဝင် ပြောကြားသွားခဲ့ပြီ ဖြစ်ပါတယ်။

“ဗီဇာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အခုဆိုရင် လော့စ်အိန်ဂျလိစ်မှာ Camp ဝင်နေတဲ့ ကျွန်တော့် အသင်းသစ်နဲ့ သွားရောက် ပူးပေါင်းပြီး LCS ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်နိုင်မယ့် အခွင့်အရေး တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

Team Liquid အနေနဲ့ ၂၀၂၀ LoL ရာသီရဲ့ ပထမ ရက်သတ္တပတ်နဲ့ ဒုတိယ ရက်သတ္တပတ်တို့မှာ အစားထိုး Jungle ကစားသမား Shern “Shernfire” Cherng Tai နဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရပေမယ့် ၂ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ဖြင့် LCS ဇယားရဲ့ စတုတ္ထနေရာမှာ ရပ်တည်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ Broxah အနေနဲ့ LCS တတိယ ရက်သတ္တပတ် အမီ LA ကို ရောက်ရှိနိုင်မှာ မဟုတ်တာကြောင့် Team Liquid အနေနဲ့ တတိယမြောက် ရက်သတ္တပတ်မှာလည်း Shernfire နဲ့သာ ဆက်လက် ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Shrenfire

LCS တတိယ ရက်သတ္တပတ်မှာ Team Liquid အနေနဲ့ LCS ဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်လျက်ရှိတဲ့ Golden Guardians၊ အဆင့် ၄ နေရာမှာ Team Liquid နဲ့အတူ ပူးတွဲ ရပ်တည်လျက်ရှိတဲ့ 100 Thieves စတဲ့ ပရိုဖက်ရှင်နယ် LoL အသင်းတွေနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Broxah

တကယ်လို့ Broxah အနေနဲ့ LCS စတုတ္ထပတ် အမီ Team Liquid နဲ့ ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင် Team Liquid ရဲ့ မူလ လက်ဟောင်း Jungle ကစားသမား Xmithie ပါဝင်တဲ့ Immortals LoL အသင်းနဲ့ ယှဥ်ပြိုင် ကစားခွင့် ရရှိမှာ ဖြစ်တာကြောင့် Broxah တစ်ယောက် LEC နည်းတူ LCS မှာလည်း နာမည်ကျော် ကစားသမား တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports