BTS Pro Series Season 2: Americas ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်နေ့မှာ စတင် ကျင်းပသွားမည်

BTS Pro Series Season 2: Americas ပြိုင်ပွဲဆိုတာကတော့ တောင်အမေရိက၊ မြောက်အမေရိက အခြေစိုက် Dota2 အသင်းတွေ သီးသန့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် အွန်လိုင်း ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သောင်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

BTS Pro Series ပြိုင်ပွဲမှာ နာမည်ကျော် အသင်းတွေဖြစ်တဲ့ EG, Quincy Crew, Beastcoast, Thunder Predator စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်သလို မြန်မာ ကစားသမား တစ်ဦး ပါဝင်တဲ့ Team Plasma လည်း ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ Liquipedia မှ ဖော်ပြချက်များ အရ သိရပါတယ်။

BTS Pro Series Season 2 ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ်တွေကို ပြိုင်ပွဲဝင် အသင်း (၁၀) သင်းလုံး အုပ်စု ပတ်လည် ပုံစံဖြင့် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ထိပ်ဆုံး (၈) သင်းကတော့ ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး အုပ်စု အောက်ဆုံး (၂) သင်းကတော့ အုပ်စု အဆင့်နဲ့သာ ကျေနပ်သွားရမှာ ဖြစ်ပါတယ်။

EG-RTZ

BTS Pro Series Season 2: Americas ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ အသင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Evil Geniuses
  • CR4ZY
  • Quincy Crew
  • Business Associates
  • Thunder Predator
  • Midas Club
  • Beastcoast
  • 4 Zoomers
  • Plus One
  • Plasma

BTS Pro Series Season 1: Americas ပြိုင်ပွဲမှာ NA အခြေစိုက် နာမည်ကျော် Dota2 အသင်း Evil Geniuses အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် BTS Pro Series Season 2: Americas ပြိုင်ပွဲမှာ ဘယ်အသင်း အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: Liquipedia, VpEsports