Game Awards မှ ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် အကောင်းဆုံး မိုဘိုင်းဂိမ်းဆုကို ရရှိခဲ့တဲ့ Call of Duty Mobile

Game Awards ဆိုတာကတော့ ဗီဒီယိုဂိမ်း လောကရဲ့ အကြီးမားဆုံး ဆုပေးပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Game Awards ဆုပေးပွဲကြီးကို ၂၀၁၄ ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာ ယခုနှစ်နဲ့ဆိုရင် ၆ နှစ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Game Awards 2019 ဆုပေးပွဲကို ဒီဇင်ဘာလ ၁၂ နှစ်ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်းဆုကိုတော့ နာမည်ကျော် Call of Duty Mobile က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Call of Duty Mobile အနေနဲ့ စတင် ထွက်ရှိစဉ် အချိန်ကတည်းက ပရိသတ် အများစုရဲ့ နှစ်သက် အားပေးခြင်းကို ခံယူနိုင်ခဲ့ပြီး တရားဝင် ဖြန့်ချီပြီး တစ်ပတ်အတွင်းမှာ Download ဆွဲသူဦးရေ သန်း ၁၄၀ အထိ မြင့်တက်လို့ လာခဲ့ပါတယ်။ ဒါ့အပြင် Call of Duty Mobile မှာ ပါဝင်တဲ့ In-Game Item ဝယ်ယူမှုကနေ တစ်ဆင့် အမြတ်အစွန်း အမေရိကန် ဒေါ်လာ ၅၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Call of Duty Mobile ထွက်ရှိတာ နှစ်လခွဲခန့် ရှိလာခဲ့ပြီ ဖြစ်တာနဲ့ အညီ Download ဆွဲသူဦးရေလည်း ၁၇၆ သန်းအထိ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ စတင် ထွက်ရှိချိန် အချိန်က စတင်ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့သလို Google ကနေ မကြာသေးမီ အချိန်က ချီးမြှင့်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်းဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဗီဒီယိုဂိမ်းလောက၊ Esports လောကမှာ အကြီးမားဆုံး၊ ဂုဏ်ယူဖို့အကောင်းဆုံး ဆုတစ်ခုလို သတ်မှတ်နိုင်တဲ့ The Game Awards ရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်ဆုံး မိုဘိုင်းဂိမ်းဆုကိုလည်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့တဲ့ The Game Awards 2018 မှာ မိုဘိုင်းဂိမ်မာ အများစုရဲ့ ကြိုက်နှစ်သက်မှုကို အရယူနိုင်ခဲ့တဲ့ PUBG Mobile အနေနဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းဆုကို ရယူနိုင်ခဲ့ခြင်း မရှိပေမယ့် Call of Duty Mobile အနေနဲ့ ယခုနှစ်မှာ The Game Awards မှ ချီးမြှင့်တဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းဆုကို ရယူနိုင်ခဲ့တာကြောင့် ပြိုင်ဘက်တွေ အကြား နှာတစ်ဖျား သာသွားခဲ့ပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

အခုလို Call of Duty Mobile ကို မိတ်ဆက်ပြီး နှစ်လခွဲခန့် အတွင်းမှာ မိုဘိုင်းလောက အတွက် အကြီးမားဆုံး ဆုကြီးနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် နောင်ထွက်ရှိလာမယ့် Update တွေမှာ ပရိသတ် အသစ်တွေ တိုးပွားလာစေဖို့ အတွက် ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး ဆွဲဆောင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming