CANAL+မြန်မာမှဝန်ဆောင်မှုအားအခမဲ့ကြည့်ရှု့နိုင်ရန်လုပ်ဆောင်

မြန်မာမှ မြန်မာပြည်သူများအတွက် ၎င်းတို့၏ သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားသော ဇာတ်ကားများ၊ ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတင်ဆက်မှုများ၊ အစီအစဉ်များ နှင့် အခြားသော ထုတ်လွှင့်ရိုက်ကူးမှုများအား လစဉ်ကြေးပေးဆောင်ရန် မလိုပဲ သင်္ကြန်အချိန်ခါသမယအတွင်း CANAL+ စက်တပ်ဆင်ထားရှိသူများအား အခမဲ့ကြည်ရူ့နိုင်ရန် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။“အခုလိုအချိန်မျိုးမှာ ကျန်းမာရေးကို အဓိကထားပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာပြည်သူတွေနဲ့ မိသားစုအားလုံး ဖျော်ဖြေရေး ကောင်းမွန်ပြီး စိတ်ကျေနပ်လောက်စရာကောင်းတဲ့ အစီအစဉ်တွေကို ကြည့်ရူကာ ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေကို ကုန်ဆုံးစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို အမြဲတမ်း စဉ်းစားနေတာပါ။ ဒါကြောင့်လည်း CANAL+ စက်ကို တပ်ဆင်ထားရှိသူတိုင်းအတွက် ကျန်းမာရေးဂရုစိုက်ကာ အိမ်မှာပဲနေပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်စေဖို့အတွက်လည်း အခုလို  အခမဲ့ကြည့်ရူနိုင်ရန် လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်” ဟု CANAL+ Myanmar FG ၏  CEO ဖြစ်သူ Mr. Erwan LUHERNE   မှလည်း  ပြောကြားခဲ့ပါသေးတယ်။

CANAL+ မြန်မာမှ CANAL+ စက် တပ်ဆင်ထားရှိသူ အားလုံးအတွက် ဧပြီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အတွင်း လိုင်းပေါင်း ၈ဝ ကျော်အားအခမဲ့ကြည်ရူ့နိုင်ရန် အတွက် ပြုလုပ်ထားရှိပြီး မြန်မာပြည်သူများအားလုံး လတ်တလောကူးစက်ပြန့်ပွားလျက်ရှိသော ရောဂါမှ မိမိကိုယ်ကိုကာကွယ်ကာ အိမ်၌ လုံခြုံနွေးထွေးစွာ အနားယူနိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ပါသည်။CANAL+သည် သင့်တော်သော နှုန်းထားများနှင့်အတူ package (အစီအစဉ်) နှစ်မျိုးနှစ်စားခွဲခြားထားသည်။ ရုပ်သံအစီအစဉ်လိုင်း ၅၂ ခုပါဝင်ပြီး တစ်လလျှင် ၄,၉၀၀ ကျပ်ကျသင့်သော Shall Package(ရှယ်အစီအစဉ်) ရုပ်သံအစီအစဉ်လိုင်း ၈၇ ခုပါဝင်ပြီးတစ်လလျှင်၇,၉၀၀ကျပ်ကျသင့်သောHtooShallPackage(ထူးရှယ်အစီအစဉ်)တို့ဖြစ်ပါတယ်။

သုံးစွဲသူများအနေဖြင့်CANAL+ဝန်ဆောင်မှုနှင့်ရုပ်သံဖမ်းစက်များကိုမြန်မာနိုင်ငံတစ်ဝှမ်းရှိCANAL+အရောင်းဆိုင်များ၊အရောင်းကိုယ်စားလှယ်များထံတွင်ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။
CANAL+MyanmarFGLtdသည်သုံးစွဲသူများသက်တမ်းတိုးလျှင်လွယ်ကူလျင်မြန်အဆင်ပြေစွာငွေပေးချေနိုင်ရန်အတွက်မြန်မာနိုင်ငံရှိငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများနှင့်လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီးသားပါ။CANAL+MyanmarFG Facebook Page ကို Follow လုပ်ပြီး အစီအစဉ်တစ်ခုစီ၏ highlightများကို စောင့်မျှော် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အကောင်းဆုံးသောနိုင်ငံတကာအကြောင်းအရာကဏ္ဍစုံနှင့်သီးသန့်ထုတ်လုပ်ထားသောကိုယ်ပိုင်အစီအစဉ်များနှင့်အတူ CANAL+ သည် မြန်မာပရိသတ်အတွက် တမူထူးသော TV ရုပ်သံကိုဆောင်ယူလာပြီဖြစ်ပါတယ်။

CANAL+ စက်ဝယ်ယူ သက်တမ်းတိုးထားသူများသည်လည်း MyCANAL mobile application အကောင့်မှ CANAL+ ၏ ကိုယ်ပိုင်ရုပ်သံလိုင်း ၉ လိုင်းအပါအဝင် အခြားလိုင်းပေါင်းများစွာကို ကြည့်ရူနိုင်ပြီး CANAL+ ZAT LENN ချန်နယ်မှလည်း ရုပ်ရှင်ပြသပြီး နှစ်ပတ်အကြာတွင် ရုပ်သံထွက်ကောင်းမွန်စွာ HD အရည်အသွေးဖြင့် စမတ်ဖုန်းများ၊ tablets များမှတဆင့် အချိန်မရွေး နေရာမရွေး ပြန်လည်ကြည့်ရှုနိုင်ပါသေးတယ်နော်။

Kelly (Akhayar Lifestyle)