OG Dota2 အသင်းရဲ့ ကစားသမား အဖြစ် ပြန်လည် မြင်တွေ့ရဦးမယ့် TI နှစ်ထပ်ကွမ်း ချန်ပီယံ Offlane ကစားသမား Ceb

OG Dota2 အသင်းရဲ့ ကစားသမား အဖြစ် ပြန်လည် မြင်တွေ့ရဦးမယ့် TI နှစ်ထပ်ကွမ်း ချန်ပီယံ Offlane ကစားသမား Ceb

OG Dota2 အသင်းနဲ့အတူ The International 2018, The International 2019 စတဲ့ Dota2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲနှစ်ခုမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Offlaner ကြီး Ceb အနေနဲ့ 2019-2020 DPC ရာသီ စတင်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ OG Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Jerax နည်းတူ Dota2 ကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Ceb

Ceb အနေနဲ့ OG Dota2 အသင်းရဲ့ ကစားသမား ဘဝကနေ အနားယူခဲ့ပေမယ့်လည်း OG Esports အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ဆက်လက် ပါဝင်လျက်ရှိသလို အသစ် ဖွဲ့စည်းထားတဲ့ OG CSGO အသင်း အတွက် စိတ်ဓာတ်ရေးရာ မြင့်တင်မှုအပိုင်းတွေမှာလည်း ဝင်ရောက် ကူညီပေးလျက် ရှိပါတယ်။

လက်ရှိအချိန်မှာ Dota2 ပြိုင်ပွဲအများစုကို ရပ်နားထားပေမယ့်လည်း COVID-19 ကပ်ဘေးသင့် ဒေသတွေကို လှူဒါန်းသွားဖို့ အတွက် ရည်ရွယ်ပြီး WeSave! Charity Play ပရဟိတ အွန်လိုင်း Dota2 ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း Esports ပြိုင်ပွဲများ စီစဉ်ရေး အဖွဲ့အစည်း WePlay အနေနဲ့ သိပ်မကြာခင် အချိန်က ကြေညာသွားခဲ့ပါတယ်။

Ceb

WeSave! Charity Play ပရိဟိတ အွန်လိုင်း Dota2 ပြိုင်ပွဲမှာ နာမည်ကျော် Dota2 အသင်း အများစု ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာနဲ့ အညီ OG Dota2 အသင်း အနေနဲ့လည်း အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း OG Dota2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Topias “Topson” Taavitsainen နဲ့ Offlane ကစားသမားဖြစ်သူ Yeik “MidOne” Nai Zheng တို့ အနေနဲ့ မွေးရပ်မြေကို ပြန်လည် ရောက်ရှိနေပြီး WeSave! Charity Play မှာ အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် OG Dota2 အသင်း အနေနဲ့ အစားထိုး ကစားသမား နှစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Madara

ဒါကြောင့် လစ်လပ်သွားတဲ့ MidOne နဲ့ Topson နေရာအတွက် OG Dota2 အသင်း အနေနဲ့ OG.Seed Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Madara နဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Offlaner ကြီး Ceb တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် WeSave! Charity Play Dota 2 ပြိုင်ပွဲမှာ OG Dota2 အသင်းရဲ့ Mid Lane နေရာ အတွက် အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Pos 5 ကစားသမားလည်းဖြစ်တဲ့ Notail အနေနဲ့ တာဝန်ယူ ကစားသွားမှာဖြစ်ပြီး Carry ကစားသမားဖြစ်သူ Sumail ကတော့ Pos 5 ကစားသမား အဖြစ် ပြောင်းလဲ တာဝန်ယူ ကစားသွားမှာ ဖြစ်ပါတယ်။

Madara

WeSave! Charity Play Europe Division ပွဲစဉ်တွေကို မတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ စတင် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် OG Dota 2 အသင်း အနေနဲ့ Team Liquid နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား အပြောင်းအလဲ၊ Position အပြောင်းအလဲတွေ ပြုလုပ်ထားတဲ့ OG Dota2 အသင်း အနေနဲ့ WeSave! Charity Play Europe Division ပြိုင်ပွဲမှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ ကစားဟန်တွေနဲ့ ယှဉ်ပြိုင် ကစားသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

WeSave! Charity Play Europe Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် OG Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Madara – Pos 1
  • Notail – Pos 2
  • Ceb – Pos 3
  • Saksa – Pos 4
  • Sumail – Pos 5

REF: VpEsports