Mid Lane ကစားသမား “Crown” ကို အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း CLG

LCS Spring 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် LoL အသင်း Counter Logic Gaming အနေနဲ့ ၂၀၂၀ LoL ရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Lee “Crown” Min-Ho ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ဒါ့အပြင် CLG LoL အသင်း အနေနဲ့ Crow ရဲ့ နေရာမှာ ဝင်ရောက် ကစားပေးဖို့ အတွက် Team Liquid LoL အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Eugene “Pobelter” Park ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Crown

Counter Logic Gaming LoL အသင်း အနေနဲ့ Probelter ရောက်ရှိမလာခင် အချိန်ထိ ၁ ပွဲနိုင်၊ ၇ ပွဲရှုံးရလဒ်ဖြင့် ဇယား အောက်ဆုံးနေရာမှာ ရပ်တည်လျက် ရှိသလို Crown အနေနဲ့လည်း အဆိုပါ ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Probelter

Probelter အနေနဲ့ CLG ကို ရောက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ LCS Spring 2020 ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ရလဒ်ဖြင့် ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိတဲ့ Cloud 9 နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အဆိုပါ ပွဲစဥ်မှာ ရှုံးနိမ့်ခဲ့သလို ဒုတိယ‌မြောက် ပွဲစဥ်မှာတော့ Cloud 9 အောက် ပွဲစဥ် ဇယားရဲ့ ဒုတိယ နေရာမှာ ရပ်တည်လျက်ရှိတဲ့FlyQuest LoL အသင်းနဲ့ ဆက်လက် ယှဥ်ပြိုင်ခဲ့ရပါတယ်။

Probelter

ဒါ့အပြင် CLG LoL အသင်း အနေနဲ့ FlyQuest LoL အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ၁ ပွဲနိုင်၊ ၉ ပွဲရှုံး ရလဒ်ဖြင့် ဇယားအောက်ဆုံး နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။ ဒါကြောင့် Probelter တစ်ယောက် CLG LoL အသင်းမှာ အထိုင်ကျသွားတဲ့ အခါမှာ အသင်း အတွက် ရလဒ်ကောင်းတွေကို ဖော်ဆောင် ပေးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports