Cloud9 CSGO အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ နည်းပြဖြစ်သူ Kassad

Cloud9 CSGO အသင်းမှာ လေးလနီးပါး နည်းပြ အဖြစ် တာဝန်ယူခဲ့တဲ့ Aleksandar “kassad” Trifunovic ကတော့ အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ အခုလို Kassad တစ်ယောက် အသင်းနဲ့ လမ်းခွဲလိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Cloud9 CSGO အသင်းရဲ့ In Game Leader ဖြစ်သူ Alex နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အမြင် တူညီခြင်း မရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Kassad တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို Cloud 9 Esports အဖွဲ့အစည်းရဲ့ GM ဖြစ်သူ Henry “HenryG” Greer ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။
Thanks to the boss @kassad for his time.
— C9 HenryG (@HenryGcsgo) December 28, 2020
Statement beneath #C9win pic.twitter.com/ktnPE2gfLx
“ဒီနေ့မှာ C9 CSGO အသင်းရဲ့ နည်းပြဖြစ်သူ Kassad တစ်ယောက် အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလို လမ်းခွဲခဲ့ခြင်းက ကစားသမား ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ ပြဿနာ တက်ခဲ့တာကြောင့် လမ်းခွဲခဲ့ခြင်း မဟုတ်ခဲ့ဘဲ C9 CSGO အသင်းရဲ့ IGL ဖြစ်သူ Alex နဲ့ Kassad တို့ အကြား နည်းစနစ်ပိုင်းဆိုင်ရာ အမြင် မတူညီခြင်းကြောင့် လမ်းခွဲခဲ့ရတ ဖြစ်ပါတယ်။
လက်ရှိ အားလပ်ရက်ကာလမှာ ကျွန်တော် (HenryG) အနေနဲ့ အားလုံးအတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရတာဖြစ်ပြီး လာမယ့် ရာသီမှာ C9 CSGO အသင်း အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်သွားနိုင်ဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ Kassad ကိုလည်း အသင်းရဲ့ အခြေခံ အုတ်မြစ် ခိုင်မာအောင် ချမှတ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိသလို ရှေ့ဆက် အောင်မြင်စေဖို့ အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာ C9 CSGO အသင်းရဲ့ နည်းပြ အဖြစ် ဘယ်သူ့ကို ခန့်အပ်သွားမယ် ဆိုတာကို စဉ်းစားရခြင်း မရှိသေးသလို အသင်းနဲ့ ကိုက်ညီမယ့် နည်းပြတစ်ဦးကို အချိန်ယူ ရှာဖွေသွားမှာ ဖြစ်ပါတယ်။”

Kassad အနေနဲ့ အသင်းမှာ ရှိနေစဉ် ကာလအတွင်းမှာ Cloud9 CSGO အသင်းကို BLAST Premier Fall Showdown ပြိုင်ပွဲမှာ ထိပ်ဆုံး လေးသင်း အဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့သလို Dreamhack Masters Winter ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
REF: VpEsports