ရှုံးပွဲမရှိ ရလဒ်နဲ့အတူ LCS Spring 2020 ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိတဲ့ Cloud 9

အမေရိကန်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နင် LoL အသင်း Cloud 9 အနေနဲ့ LCS Spring 2020 ပြိုင်ပွဲရဲ့ တတိယပတ် ပြီးဆုံးစဥ် အချိန်ထိ ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို LCS Spring 2020 ပြိုင်ပွဲရဲ့ နံပါတ် ၁ နေရာကို လက်ရှိ အချိန်အထိ ပြိုင်ဘက်ကင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Cloud 9 အနေနဲ့ ပွဲစဥ် ၆ ပွဲ ယှဥ်ပြိုင် ကစားပြီးတဲ့ အချိန်မှာ LCS League ရဲ့ နာမည်ကျော် LoL အသင်းတွေဖြစ်တဲ့ Team Liquid, Immortals စတဲ့ LoL အသင်းတွေကို အနိုင်ယူနိုင်ခဲ့သလို ၆ ပွဲစလုံး အနိုင်ရလဒ်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Cloud 9 LoL အသင်းကို 2020 LoL ရာသီ အပြောင်းအရွေ့ ကာလမှာ Team Solomid LoL အသင်းကနေ ပြောင်းရွေ့လာခဲ့တဲ့ Zven အနေနဲ့လည်း KDA Ratio 72.0 ဖြင့် LCS League ရဲ့ KDA Ratio အမြင့်ဆုံး ကစားအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Cloud 9

Cloud 9 LoL အသင်း အနေနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ LCS 2020 Spring ဇယားရဲ့ နံပါတ် ၇ နေရာမှာ ရပ်တည်နေတဲ့ Evil Geniuses, နံပါတ် ၂ နေရာမှာ Immortals LoL အသင်းနဲ့အတူ ပူးတွဲ ရပ်တည်လျက်ရှိတဲ့ Team Solo Mid တို့နဲ့ ထပ်မံ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ Evil Geniuses LoL အသင်း အနေနဲ့ လက်ရှိအချိန်မှာ ၂ ပွဲနိုင်၊ ၄ ပွဲရှုံးဆိုတဲ့ ရလဒ်ကိုသာ ဖော်ဆောင်နိုင်ခဲ့သလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသနိုင်ခြင်း မရှိတာကြောင့် Cloud 9 အနေနဲ့ အလွယ်တကူ အနိုင်သွားဖွယ် ရှိပါတယ်။

TSM LoL အသင်း အနေနဲ့ အစပိုင်း ပွဲစဥ် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် ၄ ပွဲဆက်တိုက် အနိုင်ရလဒ်ကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့သလို TSM LoL အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ Kobbe, Biofrost, Broken Blade တို့ အနေနဲ့လည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက် ဆိုသလို ပြသလျက် ရှိတာကြောင့် TSM LoL အသင်းနဲ့ ယှဥ်ပြိုင်ရမယ့် ပွဲစဥ်မှာတော့ Cloud 9 အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။

Zven

Cloud 9 အနေနဲ့ LCS ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်သလို အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခြင်း မရှိခဲ့တာလည်း အတော်ကို ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Cloud 9 LoL အသင်း အနေနဲ့ လက်ရှိအချိန်မှာ ပြသလျက်ရှိတဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်မလား ဒါမှမဟုတ် ထုံးစံအတိုင်း ခြေချော်လက်ချော်ဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ထပ်မံ ဝေးကွာသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports