(IEM Katowice 2020 ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ဆက်ခဲ့ရတဲ့ Cloud9 CSGO နဲ့ Renegades CSGO

IEM Katowice 2020 ပြိုင်ပွဲ ဆိုတာကတော့ ပိုလန်နိုင်ငံ၊ Katowice မြို့တော်မှာ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ မတ်လ ၁ ရက်နေ့ အထိ ကျင်းပသွားမယ့် S-Tier အဆင့် CSGO ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ပရိုဖက်ရှင်နယ် CSGO အသင်းပေါင်း ၁၆ သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

IEM Katowice 2020 ပြိုင်ပွဲကို စတင်ပြီး နှစ်ရက်ခန့် အကြာမှာပဲ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရတဲ့ CSGO အသင်းတွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ IEM Katowice 2020 ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ဆက်ခဲ့ရတဲ့ အသင်းတွေကတော့ Cloud9 CSGO နဲ့ Renegades CSGO တို့ပဲ ဖြစ်ပါတယ်။

Cloud9 CSGO

Cloud9 CSGO အသင်း အနေနဲ့ အုပ်စုအဖွင့် ပွဲစဥ်မှာ HLTV ကမ္ဘာ့အဆင့် သတ်မှတ်ချက်ရဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်လျက်ရှိတဲ့ နာမည်ကျော် CSGO အသင်း Astralis နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ Cloud9 အနေနဲ့ Astralis နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပထမမြေပုံ (Overpass) မှာ (၁၆-၇) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ဒုတိယမြေပုံ (Train) မှာလည်း (၁၆-၂) ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပါတယ်။

Renegades CSGO

Lower Bracket မှာ ဆွီဒင်နိုင်ငံ အခြေစိုက် နာမည်ကျော် CSGO အသင်း Ninja in Pyjamas နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ Ninja in Pyjamas နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပထမမြေပုံ (Overpass) မှာ (၁၆-၂) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယမြေပုံ (Vertigo) မှာလည်း (၁၆-၉) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် အခုလို ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ဆက် ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။

Cloud9 နည်းတူ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ နောက်ထပ် တစ်သင်းကတော့ သြစတျေးလျနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း Renegades ပဲ ဖြစ်ပါတယ်။ Renegades အနေနဲ့ အုပ်စုအဖွင့် ပွဲစဥ်မှာ DreamHack Masters Malmo 2019 ပြိုင်ပွဲမျာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ နာမည်ကျော် CSGO အသင်း Fnatic နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး ပထမမြေပုံ (Dust II) မှာ (၁၆-၄) ၊ ဒုတိယမြေပုံ (Inferno) မှာ (၁၆-၁၄) စတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပါတယ်။

Cloud9 CSGO

Lower Bracket မှာ နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Faze Clan နဲ့ရင်ဆိုင်ခဲ့ရပြီး ပထမမြေပုံ (Inferno) မှာ (၁၆-၁၂) ၊ ဒုတိယမြေပုံ (Mirage) မှာ (၁၆-၁၀) စတဲ့ ရလဒ်တွေဖြင့် ရှုံးနိမ့်ခဲ့တာ‌ကြောင့် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Renegades CSGO

လက်ရှိအချိန်မှာ IEM Katowice 2020 ပြိုင်ပွဲကို ဆက်လက် ယှဥ်ပြိုင်လျက် ရှိတာကြောင့် ဘယ်အသင်းတွေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီး ဘယ်အသင်းတွေ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရမလဲ ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports