CR4ZY CSGO အသင်းရဲ့ ကစားသမားတွေကို ဝယ်ယူခဲ့တဲ့ Esports အဖွဲ့အစည်းသစ် C0ntact Gaming

C0ntact Gaming ဆိုတာကတော့ အမေရိကန်နိုင်ငံ အခြေစိုက်Esports အဖွဲ့အစည်း အသစ် တစ်ခုပဲ ဖြစ်ပါတယ်။ C0ntact Gaming အနေနဲ့ နာမည်ကျော် Esports ပြိုင်ပွဲတွေဖြစ်တဲ့ Call of Duty World League, Overwatch League တို့မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပြင်ဆင်လျက် ရှိသလို ယခုအခါမှာလည်း CSGO လောကရဲ့ တက်သစ်စ အသင်းတစ်သင်းဖြစ်တဲ့ CR4ZY CSGO အသင်းရဲ့ ကစားသမားတွေကို ဝယ်ယူကာ CSGO လောကထဲကိုပါ ခြေစုံပစ် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

CR4ZY CSGO အသင်းကို မြောက်အမေရိက အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုထံ ရောင်းချတော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ကောလာလတွေ စတင် ထွက်ပေါ်ခဲ့ပြီး ယခုအခါမှာတော့ CR4ZY CSGO အသင်းရဲ့ ကစားသမးတွေကို C0ntanct Gaming ကို ရောင်းချလိုက်ပြီဖြစ်ကြောင်း CR4ZY CSGO အသင်းရဲ့ CEO အနေနဲ့ တရားဝင် ထုတ်ပြန်ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

“ကျွန်တော် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော့် ကစားသမားတွေကို လုံးဝ မရောင်းချချင်ပေမယ့်လည်း ကစားသမားတွေရဲ့ ဘဝတက်လမ်း အတွက် အခုလို ရောင်းချလိုက်ခြင်းက အကောင်းဆုံး ဖြစ်မယ်လို့ ထင်မြင်မိတာကြောင့် အခုလိုပဲ C0ntact Gaming ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် CR4ZY CSGO အသင်းရဲ့ CEO ဖြစ်သူရဲ့ ပြောကြားချက်များအရ မကြာခင် အချိန်အတွင်းမှာ ကစားသမား အသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ CR4ZY CSGO အသင်းကို ပြန်လည် မြင်တွေ့သွားရဖွယ် ရှိပါတယ်။

CR4ZY CSGO အသင်းကို ပြီးခဲ့တဲ့ (၇) လခန့်ကမှ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ပရိသတ် အများစု ထင်မှတ်မထားတဲ့ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို FURIA, Ninjas in Pyjamas, Faze စတဲ့ နာမည်ကျော် CSGO အသင်းတွေကို အနိုင်ယူနိုင်တဲ့အထိ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိအောင် ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ DreamHack Open Rotterdam ပြိုင်ပွဲမှာ AVANGAR, Heroic စတဲ့ နာမည်ကျော် CSGO အသင်းတွေကို အနိုင်ယူပြီး ချန်ပီယံဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် အခုလို C0ntact Gaming အနေနဲ့ ခေါ်ယူဖို့ အတွက် မျက်စိကျခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ C0ntact Gaming Esports အဖွဲ့အစည်း အနေနဲ့ CSGO အသင်းသစ်နဲ့ ပတ်သတ်ပြီး တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကြေငြာသွားဖွယ် ရှိပါတယ်။

C0ntact Gaming CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Rokas “EspiranTo” Milasauskas
  • Nestor “LETN1” Tanic
  • Otto “ottoNd” Sihvo
  • Luka “emi” Vukovic
  • Georgi “SHiPZ” Grigorov
  • Neil “NeiL_M” Murphy (Coach)

REF: VpEsports