CSGO အသင်းကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Dignitas

ပြီးခဲ့တဲ့ လပိုင်းခန့်က နာမည်ကျော် Esports အဖွဲ့အစည်း Dignitas အနေနဲ့ ယခင် အချိန်တွေတုန်းက CSGO လောကရဲ့ နံပါတ် (၁) နေရာမှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပြီး (၈၇) ပွဲဆက် ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ နာမည်ကျော် CSGO ကစားသမားတွေနဲ့ အတူ CSGO အသင်းသစ်ကို ဖွဲ့စည်းသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

Ex-NiP Rosters

ယခုအခါမှာတော့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့ အတိုင်း နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ CSGO အသင်းသစ်ကို Dignitas Esports အဖွဲ့အစည်း အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာပေးခဲ့ပြီ ဖြစ်ပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Dignitas CSGO အသင်းမှာ NIP CSGO အသင်းနဲ့အတူ ယခင် အချိန်တွေတုန်းက (၈၇) ပွဲဆက် ရှုံးပွဲဆက် ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ Adam “Friberg” Friberg, Richard “Xizt” Landstrom, Christopher “GeT_RiGhT” Alesund, Partik “Forest” Lindberg တို့ ပါဝင်လာခဲ့သလို အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ Hakon “Hallzerk” Fjaerli လည်း ပါဝင်လာခဲ့ပါတယ်။

Friberg, Xizt, GeT_RiGhT, Forest တို့ အနေနဲ့ NIP CSGO အသင်းနဲ့အတူ ယခင်အချိန်တွေတုန်းက အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုလည်း အသင်းသား လေးဦး ပြန်လည် ပေါင်းစည်းသွားချိန်မှာလည်း အောင်မြင်မှုတွေကို Dignitas CSGO အသင်းနဲ့အတူ ထပ်မံ သိမ်းပိုက်သွားနိုင်မယ်လို့ CSGO ပရိသတ်တွေကတော့ မျှော်လင့်ထားကြပါတယ်။

ဒါ့အပြင် Dignitas CSGO အသင်းရဲ့ လူငယ်ကစားသမားဖြစ်သူ Hallzerk ဟာဆိုရင်လည်း Nordavind CSGOအသင်းမှာ ကစားခဲ့စဥ် အချိန်က ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Dignitas CSGO အသင်းမှာ အခြားသော နာမည်ကျော် ကစားသမားတွေနဲ့ အပြိုင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Hallzerk

Dignitas CSGO အသင်း အနေနဲ့ ၂၀၁၈ ခုနှစ်ကတည်းက CSGO လောကကနေ ကွယ်ပျောက်သွားခဲ့တာဖြစ်ပြီး ယခုအကြိမ် ပြန်လည် ဝင်ရောက်လာတဲ့အခါမှာ နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Dignitas CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Partik “f0rest” Lindberg
  • Richard “Xizt” Landstrom
  • Christopher “Get_RiGhT” Alesund
  • Adam “friberg” Friberg
  • Hakon “hallzerk” Fjaerli

REF: VpEsports