ကစားသမား အသစ်တစ်ဦးနဲ့ နည်းပြအသစ်တို့ကို ခေါ်ယူလိုက်တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Envy

Team Envy အနေနဲ့ ယခင်အချိန်တွေတုန်းက CSGO လောကရဲ့ ထိပ်သီးအသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်က စတင်ကာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အခုဆိုရင် အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ Team Envy အနေနဲ့ ကစားသမား အပြောင်းအရွေ့တွေ မကြာခဏ ပြုလုပ်ခဲ့ပေမယ့်လည်း အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Calyx

Team Envy အနေနဲ့ လက်ရှိအချိန်မှာ ကစားသမား သုံးဦးသာ ကျန်ရှိတော့သလို နည်းပြဖြစ်သူ Eley အနေနဲ့လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ခွာသွားခဲ့တာကြောင့် အခုလို ကစားသမား အသစ်တစ်ဦးနဲ့ နည်းပြအသစ်တို့ကို ခေါ်ယူလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Team Envy အသင်းမှာ အသစ် ဝင်ရောက် ကစားသွားမယ့် ကစားသမားကတော့ တူရကီနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO ကစားသမား Bugra “Calyx” Arkin ပဲ ဖြစ်ပါတယ်။ Calyx အနေနဲ့ Space Soldiers CSGO အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ခဲ့တာကြောင့် အခုလို Team Envy အသင်း အနေနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Calyx

ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များအရ Team Envy CSGO အသင်းရဲ့ လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် CSGO လောကရဲ့ နာမည်ကျော် တစ်ဦးဖြစ်သူ LEGIJA ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ LEGIJA အနေနဲ့ Counter Strike လောကမှာ ၂၀၁၂ ခုနှစ်ကတည်းက ကျင်လည်ခဲ့တာဖြစ်ပြီး Mousesports, NRG, BIG စတဲ့ နာမည်ကျော် CSGO အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ပါတယ်။

LEGIJA

ပရိုဖက်ရှင်နယ် CSGO ကစားသမားအဖြစ် (၈) နှစ်ကြာ ကျင်လည်ပြီး နောက်ပိုင်းမှာ LEGIJA တစ်ယောက် BIG CSGO အသင်းရဲ့ နည်းပြဘဝကို ပြောင်းလဲခံယူခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းလက်မဲ့ အဖြစ် တည်ရှိနေတဲ့ LEGIJA ကို Team Envy ရဲ့ နည်းပြရာထူးအတွက် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် Team Envy အသင်းမှာ ကစားအသစ် တစ်ဦးနဲ့ နည်းပြအသစ်တို့ကို မြင်တွေ့သွားရဖွယ် ရှိပါတယ်။

Calyx ကို ခေါ်ယူနိုင်ခဲ့ပေမယ့် Team Envy CSGO အသင်းရဲ့ ကစားသမား စာရင်းမှာ လေးဦးသာ ရှိသေးတာကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ ဝင်‌ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် နောက်ထပ် ကစားသမား တစ်ဦးကို ခေါ်ယူသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

LEGIJA

Team Envy CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Noah “Nifty” Francis
  • Jacob “FugLy” Medina
  • Ryan “ryann” Welsh
  • Bugra “Calyx” Arkin
  • Nikola “LEGIJA” Ninic (Coach)

REF: VpEsports, DotEsports