အရှေ့တောင်အာရှ အခြေစိုက် Dota 2 အသင်းများ အတွက် ESL SEA Championship ပြိုင်ပွဲကို မတ်လအတွင်း ကျင်းပသွားမည်

ESL SEA Championship ပြိုင်ပွဲဆိုတာကတော့ နာမည်ကျော် Esports ပြိုင်ပွဲများ ကျင်းပရေး အဖွဲ့အစည်း ESL မှ စီစဥ်ကျင်းပသွားမယ့် Tier-2 အဆင့်ရှိ Dota 2 ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ESL SEA Champion ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှဒေသ အခြေစိုက် နာမည်ကျော် Dota 2 အသင်းသစ်တွေ ထပ်မံ ထွက်ပေါ်လာစေဖို့ပဲ ဖြစ်ပါတယ်။
Introducing the ESL SEA Championship - #Dota2!
— ESL Asia (@ESL_Asia) February 19, 2020
8⃣ of the best teams in SEA
💰 US$20,000 prize pool
🏆 Winner earns a direct slot to #ESLOne Birmingham SEA Closed Qualifiers!
Want to be a part of it? Sign up now for our qualifiers! #ESLSEAChamps 👇👇👇https://t.co/sOCvuBhQW1 pic.twitter.com/g4oEfyYZhR
ESL SEA Championship ပြိုင်ပွဲမှာ Dota 2 အသင်းပေါင်း (၈) သင်း ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး၊ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၂ သောင်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ESL SEA Championship ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Dota 2 အသင်း အနေနဲ့ ESL One Birmingham 2020 ပြိုင်ပွဲ အတွက် SEA ဒေသတွင်း လက်ရည်စစ်ပွဲမှာ Closed Qualifier အဆင့်ကနေ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ESL SEA Championship ပြိုင်ပွဲကို ကျင်းပခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး ESL Asia-Pacific Japan အဖွဲ့အစည်းရဲ့ Senior Vice President ဖြစ်သူ Nick Vanzetti ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ နာမည်မရသေးတဲ့ အသင်းငယ်လေးတွေကို ပြုစုပျိုးထောင်ပေးလိုတဲ့ စိတ်ကူးရှိတာကြောင့် ယခုအစီအစဥ်ကို အကောင်အထည် ဖော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သိပ်မကြာခင် အချိန်အတွင်းမှာလည်း အခုလို ပြိုင်ပွဲတွေ ထပ်မံ ကျင်းပသွားနိုင်ဖို့ စီစဥ်သွားမှာ ဖြစ်ပါတယ်။”
ESL SEA Championship ပြိုင်ပွဲမှာ ဖိတ်ခေါ်အသင်း လေးသင်း၊ လက်ရည်စစ်ပွဲကနေ တစ်ဆင့် တက်လှမ်းလာတဲ့ အသင်း လေးသင်း၊ စုစုပေါင်း အသင်း (၈) သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပြီး Open Qualifier #1 ပွဲစဥ်တွေကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၁ ရက်၊ Open Qualifier #2 ပွဲစဥ်တွေကို မတ်လ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ESL SEA Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်း (၈) သင်းကို အုပ်စု နှစ်စု ခွဲခြားသတ်မှတ်ကာ ယှဥ်ပြိုင်ခိုင်းသွားမှာဖြစ်ပြီး အုပ်စုအေ ပွဲစဥ်တွေကို မတ်လ ၉ ရက်ကနေ ၁၀ ရက်၊ အုပ်စုဘီ ပွဲစဥ်တွေကို မတ်လ ၂၅ ရက်ကနေ ၂၆ ရက်အထိ ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အုပ်စု တစ်ခုစီမှ ထိပ်ဆုံး (၂) သင်း အနေနဲ့ Playoff အဆင့်ကို တက်လှမ်းခွင့် ရရှိမှာဖြစ်ပြီး Playoff အဆင့် ပွဲစဥ်တွေကို ဧပြီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ESL SEA Championship ပွဲစဥ်တွေကို ESL Asia Twitch Channel, YouTube Chanel, Facebook Channel တို့ကနေ တစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ ESL SEA Championship Open Qualifier မှာ ဝင်ရောက် ယှဥ်ပြိုင်ချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကနေ တစ်ဆင့် Register ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
REF: VpEsports