Invictus Gaming ကို အနိုင်ယူပြီး LPL ပြိုင်ပွဲရဲ့ နံပါတ်တစ် နေရာကို ရယူနိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း eStar

LPL ပြိုင်ပွဲဝင် LoL အသင်းတွေ အထဲမှာ အတွေ့အကြုံ အနည်းဆုံး LoL အသင်းဖြစ်တဲ့ eStar အနေနဲ့ Week 4 အဖွင့် ပွဲစဉ်မှာ အင်အားကြီး LoL အသင်းလည်းဖြစ်၊ 2018 LoL World Championship ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ LoL အသင်းလည်းဖြစ်တဲ့ Invictus Gaming ကို ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Invictus Gaming

Invictus Gaming နဲ့ eStar တို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပထမ ပွဲစဉ်မှာ eStar LoL အသင်း အနေနဲ့ Invictus Gaming LoL အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို အလွယ်တကူပဲ Shut Down ချနိုင်ခဲ့သလို ပွဲချိန် (၃၃) မိနစ်မှာ (18-2) ဆိုတဲ့ Hero Kill ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ပွဲစဉ်မှာ IG LoL အသင်း အနေနဲ့ ပြန်လည် အနိုင်ယူသွားလိမ့်မယ်လို့ ပရိသတ် အများစုက မျှော်လင့်ထားခဲ့ပေမယ့် ပိုလို့တောင် တစ်ဖက်သတ်ဆန်တဲ့ ရလဒ်ဖြင့် eStar အနေနဲ့ ထပ်မံ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယမြောက် ပွဲစဉ်ရဲ့ ပွဲချိန် (၁၅) မိနစ်ခန့်မှာ eStar LoL အသင်း အနေနဲ့ Net Worth 7K အသာရရှိခဲ့သလို Hero Kill အပိုင်းမှာလည်း (16-3) ဆိုတဲ့ ရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

eStar.Wink

ဒုတိယမြောက် ပွဲစဉ်ရဲ့ ပွဲချိန် အစပိုင်းမှာ IG LoL အသင်း အနေနဲ့ ရှုံးနိမ့်ခဲ့သလို ပွဲချိန် ကြာလာတဲ့ အခါမှာလည်း ပြန်လည် ဦးမော့လာနိုင်ခြင်း မရှိခဲ့တာကြောင့် ပွဲချိန် မိနစ် (၃၀) ခန့်မှာ eStar LoL အသင်းကို (28-4) ဆိုတဲ့ Hero Kill ရလဒ်ဖြင့် ထပ်မံ အရှုံးပေးခဲ့ရပါတယ်။ ဒါ့အပြင် Invictus Gaming နဲ့ eStar တို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယမြောက် ပွဲစဉ်ဟာ 2020 LPL ရာသီရဲ့ Hero Kill အပြတ်ဆုံး ပွဲစဉ်တစ်ခု အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

eStar

eStar LoL အသင်း အနေနဲ့ လက်ရှိအချိန်မှာ ၇ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး LPL ပြိုင်ပွဲရဲ့ နံပါတ် (၁) နေရာကို သိမ်းပိုက်နိုင်ခဲ့သလို လာမယ့် သောကြာနေ့မှာ ယှဉ်ပြိုင်သွားရမယ့် LNG Esports ၊ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားရမယ့် Dominus Esports တို့ဟာ ဆိုရင်လည်း IG နဲ့ ယှဉ်မယ်ဆိုရင် အသင်းငယ်လေးတွေသာ ဖြစ်တာကြောင့် eStar အနေနဲ့ နောက်ထပ် နိုင်ပွဲ နှစ်ပွဲကို ထပ်မံ ဖော်ဆောင်သွားနိုင်ပြီး ဇယားထိပ်ကို ဆက်လက် အုပ်စိုးသွားဖွယ် ရှိပါတယ်။

REF: VpEsports