One Esports: MLBB Invitational ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် EVOS Legends

MLBB M1 ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းဖြစ်တဲ့ EVOS Legends ကတော့ One Esports မှ ဦးစီး ကျင်းပသွားမယ့် ONE Esports Mobile Legends: Bang Bang Invitational ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် အအောင်မြင်ဆုံး MLBB အသင်းတွေ အထဲမှာ တစ်သင်းဖြစ်တဲ့ EVOS အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ MPL ID Season 4, MLBB M1 World Championship စတဲ့ ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ MPL ID Season 5 စတင်ချိန်မှာ EVOS Legends အနေနဲ့ ကစားသမားသစ် သုံးဦးကို ခေါ်ယူခဲ့ပေမယ့် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း MPL ID Season 5 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အင်အားကြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ RRQ ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ အခုလို MPL အင်ဒိုနီးရှား ပြိုင်ပွဲတွေမှာ နှစ်ရာသီဆက် လက်စွမ်းပြနိုင်ခဲ့တာကြောင့်လည်း EVOS Legends အနေနဲ့ One Esports: MLBB Invitational ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ပထမဆုံး ဖိတ်ခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်။

One Esports: MLBB Invitational ပြိုင်ပွဲကြီးမှာ ဖိတ်ခေါ်အသင်း (၆) သင်း၊ အင်ဒိုးနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့်လာအို၊ ဖိလစ်ပိုင်၊ မြန်မာစတဲ့ ဒေသတွင်း လက်ရည်စစ်ပွဲတွေမှ တက်လှမ်းလာမယ့် အသင်း (၆) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ တစ်သိန်းခွဲ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖိတ်ခေါ်အသင်း အဖြစ် EVOS Legends တစ်သင်းတည်းသာ ရှိသေးသလို ဒေသတွင်း လက်ရည်စစ်ပွဲတွေကနေ တက်လှမ်းလာတဲ့ အသင်းများအဖြစ် အင်ဒိုနီးရှားမှ Bigetron Alpha၊ စင်ကာပူမှ EVOS SG၊ မလေးရှားမှ Team Bosskurr၊ ထိုင်းနဲ့လာအိုမှ IDNS စတဲ့ အသင်းတွေသာ ပေါ်ထွက်လို့ လာပါသေးတယ်။

ဖိလစ်ပိုင် ဒေသတွင်း လက်ရည်စစ်ပွဲများကိုတော့ မေလ ၂၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း လက်ရည်စစ်ပွဲများကိုတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် One Esports: MLBB Invitational ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဘယ်အသင်းတွေက ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports