အသင်းသစ်ကို ကြေငြာလိုက်ပြီဖြစ်တဲ့ NAVI Dota 2 အသင်းရဲ့ ကပ္ပတိန်ဟောင်း Sonneiko

Akbar “SoNNeikO” Butaev အနေနဲ့ Navi Dota 2 အသင်းနဲ့အတူ The International 2019 မှာ အဆင့် ၁၅-၁၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို အသင်းသားတွေ အကြားမှာလည်း ပြဿနာတွေ ရှိနေခဲ့တာကြောင့် TI 9 ပြိုင်ပွဲကြီး ပြီးဆုံးပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Natus Vincere Dota 2 အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ Navi Dota 2 အသင်းကနေ ထွက်ခွာပြီး‌ နောက်ပိုင်းမှာ Sonneiko တစ်ယောက် Dota 2 လောကကနေ ကွယ်ပျောက်သွားခဲ့ပြီး ယခုအခါမှာတော့ အသင်းသစ်နဲ့အတူ Dota 2 လောက အထဲကို ပြန်လည် ဝင်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

Sonneiko

Sonneiko အသစ် ထပ်မံ ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်းမှာ နာမည်ကျော် ကစားသမားတွေ ပါဝင်သလို Pub Star ကစားသမား အချို့လည်း ပါဝင်လို့ လာခဲ့ပါတယ်။ Sonneiko ရဲ့ အသစ်သစ်မှာ ဥရောပ Core MMR Leaderboard ရဲ့ နံပါတ် (၁၈) နေရာမှာ ရပ်တည်နေနိုင်တဲ့ Charlie “CharlieDota” Arat နဲ့ နံပါတ် (၂၂) နေရာမှာ ရပ်တည်လျက်ရှိတဲ့ Ondrej “Supream” Starha တို့ ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ Milan “MiLAN” Kozomara နဲ့ Jonas “SabeRLight” Volek တို့လည်း Sonneiko ရဲ့ အသင်းသစ်မှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ MiLAN အနေနဲ့ TI 9 မှာ Chaos Dota 2 အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆင့် ၁၇-၁၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ TI 9 ပြိုင်ပွဲကြီး ပြီးဆုံးပြီး နောက်ပိုင်းမှာ Sonneiko နည်းတူ MiLAN တစ်ယောက်လည်း Dota 2 လောကကနေ ကွယ်ပျောက်သွားခဲ့ပါတယ်။

Milan

SabeRLight ဆိုတာကတော့ ချက်နိုင်ငံ ကိုယ်စားပြု Dota 2 ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ၂၀၁၇ ခုနှစ်မှာ Hippomaniacs Dota 2 အသင်းနဲ့အတူ ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာ Team Singularity အသင်းရဲ့ Inactive ကစားသမားအဖြစ် တည်ရှိလျက် ရှိပါတယ်။

SabeRLight အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 မှာ Chaos Dota 2 အသင်းရဲ့Offlane ကစားသမားအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သလို အဆိုပါ ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး Chaos Dota 2 အသင်းနဲ့အတူ ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Saberlight

Sonneiko အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်းမှာ အတွေ့အကြုံရင့် ကစားသမားတွေ ပါဝင်တဲ့အပြင် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေလည်း ပါဝင်တာကြောင့် မကြာခင် အချိန်အတွင်းမှာ ယှဉ်ပြိုင်သွားရမယ့် 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Sonneiko အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Charlie “CharlieDota” Arat – Pos 1
  • Ondrej “Supream” Starha – Pos 2
  • Jonas “SabeRLight” Volek – Pos 3
  • Milan “MiLAN” Kozomara – Pos 4
  • Akbar “SoNNeikO” Butaev – Pos 5

REF: OneEsports