LCK ပြိုင်ပွဲရဲ့ ပထမဆုံး Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်တဲ့ Faker

Lee “Faker” Sang Hyeok ဆိုတာကတော့ LoL လောကအပြင် Esports လောကမှာပါ မသိသူ မရှိသလောက်ကို နာမည်ကျော်ကြား လူကြိုက်များတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Faker အနေနဲ့ T1 LoL အသင်းနဲ့အတူ World Championship ပြိုင်ပွဲမှာ သုံးကြိမ်တိုင်တိုင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ယခုအခါမှာလည်း LCK ပြိုင်ပွဲရဲ့ ပထမဆုံး Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Faker အနေနဲ့ အဆိုပါ စံချိန်သစ်ကို LCK Week 5 ပွဲစဉ်တစ်ခုဖြစ်တဲ့ Afreeca Freecs နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Afreeca Freecs နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပထမ ပွဲစဉ်မှာ Orianna နဲ့ Hero Kill (၉) ကောင် ရယူနိုင်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာ Zoe နဲ့ Hero Kill (၃) ကောင် ရယူနိုင်ခဲ့တာကြောင့် LCK ပြိုင်ပွဲရဲ့ ပထမဆုံး Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Faker အနေနဲ့ Afreeca Freecs နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ စံချိန်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် Faker ပါဝင်တဲ့ T1 ကတော့ (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် Afreeca Freecs ကို ရှုံးနိမ့်ခဲ့ပါတယ်။ LCK ပြိုင်ပွဲရဲ့ ပထမဆုံး Hero Kill 2000 ပြည့် ကစားသမားအဖြစ် Faker တစ်ယောက် မှတ်တမ်းတင်နိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ ပထမဆုံး Hero Kill 2000 ပြည့် ပရိုဖက်ရှင်နယ် LoL ကစားသမားဆိုတဲ့ စံချိန်ကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် LoL အသင်း Royal Never Give Up ရဲ့ ကစားသမားဖြစ်သူ Jian “Uzi” Zi Hao အနေနဲ့ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက Hero Kill 2000 ပြည့် ပထမဆုံး ပရိုဖက်ရှင်နယ် LoL ကစားသမားဆိုတဲ့ စံချိန်ကို ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ ဒုတိယမြောက် Hero Kill 2000 ပြည့် ပရိုဖက်ရှင်နယ် LoL ကစားသမားဆိုတဲ့ စံချိန်ကိုသာ ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ T1 LoL အသင်း အနေနဲ့ LCK 2020 Spring ပြိုင်ပွဲရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကြောင့် Faker ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ ပထမနေရာကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports, OneEsports