ထွက်တာမကြာသေးပေမယ့် Copies ပေါင်း ၂သန်းကျော်ရောင်းချခဲ့ရတဲ့ Fall Guys: Ultimate Knockout

ထွက်တာမကြာသေးပေမယ့် Copies ပေါင်း ၂သန်းကျော်ရောင်းချခဲ့ရတဲ့ Fall Guys: Ultimate Knockout

Last Man Standing ဂိမ်းတစ်မျိုးဖြစ်ပြီး Lobby ထဲမှာ ဂျယ်လီလေးတွေလှုပ်စိစိနဲ့ ဆော့ရတဲ့ Fall Guys: Ultimate Knockout ဟာဆိုရင်တော့ ထွက်တာမကြာသေးပေမယ့် Copies ပေါင်း ၂ သန်းကျော် ရောင်းချခဲ့ရတယ်လို့သိရှိရပါတယ်။

ဒီသတင်းကို ထုတ်ဝေသူကုမ္ပဏီဖြစ်တဲ့ Devolver Digital ရဲ့ Tweet တစ်ခုကနေ သိရှိရတာဖြစ်ပါတယ်။ Lobby ထဲမှာ လူပေါင်း ၆၀ ကျော်ဝင်ရောက်ကစားနိုင်ပြီး တစ်ယောက်ပဲ သရဖူဆောင်းနိုင်မယ့်ဒီဂိမ်းဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်၊ ဂိမ်းထဲက ထောင်ချောက်တွေနဲ့ အတားအဆီးတွေရှောင်ပြီး ဆော့ရမယ့် အတော်ပျော်စရာကောင်းတဲ့ Fall Guys: Ultimate Knockout ဟာ အခုတလော Gamers တွေနဲ့ Streamer တွေကြား အတော်ကို ရေပန်းစားလျက်ရှိပါတယ်။

လက်ရှိအချိန်မှာ Fall Guys ဆို ဆော့ကစားတဲ့သူများလွန်းနေတာကြောင့် Server Crash တဲ့ ပြဿနာတွေပါဖြစ်ပေါ်နေပြီး၊ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် PS4 မှာ အကောင့်အသစ်တွေဖွင့်ပြီး ဝင်ရောက်ကစားတာတွေပါ ခေတ္တခဏ ပိတ်ပင်ထားရတယ်လို့ သိရှိရပါတယ်။ Fall Guys: Ultimate Knockout ကိုဆော့ကစားလိုတယ်ဆိုရင်တော့ PS4 နဲ့ Steam တို့မှာ USD $19.99 နဲ့စတင်ဝယ်ယူ ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။