Secret Dota 2 အသင်းရဲ့ နည်းပြဟောင်းကို ခေါ်ယူခဲ့တဲ့ Fnatic

Lee “SunBhie” Jeong Jae ဆိုတာကတော့ ယခင်အချိန်တွေတုန်းက ကိုရီးယားနိုင်ငံ အခြေစိုက် Dota 2 အသင်း MVP Hot 6 နဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ SunBhie အနေနဲ့ ကစားသမား ဘဝကနေ ၂၀၁၆ ခုနှစ်၊ ၇ လပိုင်းမှာ အနားယူခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ၈ လပိုင်းမှာ TNC Predator Dota 2 အသင်းမှာ နည်းပြအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

TNC Predator Dota 2 အသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ရာမှာ အဆင်မပြေမှုတွေ အနည်းငယ်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နည်းပြဘဝကို ခံယူပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Dota 2 လောကကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Dota 2 လောကကို ချစ်မြတ်နိုးစိတ် အပြည့်ရှိတဲ့ SunBhie တစ်ယောက် ၂၀၁၇ ခုနှစ်၊ ၆ လပိုင်းမှာတော့ Team Secret Dota 2 အသင်းရဲ့ နည်းပြအဖြစ်၊ နာမည်ကျော် ကပ္ပတိန်ကြီး Puppey ရဲ့ ညာလက်ရုံးအဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Team Secret Dota 2 အသင်းမှာ (၂) နှစ်ခန့် ကျင်လည်ခဲ့ပြီး နောက်ပိုင်းမှာတော့ SunBhie အနေနဲ့ အတွေ့အကြုံ အသစ်‌တွေကို ရှာဖွေရန် Team Secret Dota 2 အသင်းကို ပြန်လည် စွန့်ခွာသွားခဲ့ပါတယ်။ 2019-2020 DPC ရာသီရဲ့ ပထဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Major မှာ SunBhie ကို အရှေ့တောင်အာရှ Dota 2 လောကရဲ့ နာမည်ကျော် အသင်းတစ်သင်းဖြစ်တဲ့ Fnatic Dota 2 အသင်းနဲ့အတူ မြင်တွေ့ခဲ့ရပေမယ့် SunBhie ဘက်ကရော၊ Fnatic ဘက်ကပါ တရားဝင် ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိခဲ့ပါဘူး။

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲ DreamLeague Leipzig Major ပြိုင်ပွဲ လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ SunBhie ကို တရားဝင် နည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်းကို Fnatic ဘက်က တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Fnatic Dota 2 အသင်း အနေနဲ့ Dota 2 လောကမှာ ထိပ်သီး အသင်း တစ်သင်းအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့သလို၊ နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ဖွဲ့စည်းထားပေမယ့်လည်း လောက်လောက်လားလား အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Fnatic Dota 2

ဒါ့အပြင် MDL Chengdu Major မှာလည်း Fnatic အနေနဲ့ 9th-12th အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ Fnatic Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲ ဖြစ်လာမယ့် DreamLeague Season 13: The Leipzig Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိထားတာကြောင့် နည်းပြကြီး SunBhie ရဲ့ ဦးဆောင်မှုနဲ့အတူ ဘယ်လို အောင်မြင်မှုတွေကို စွတ်ခူးသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports