Alter Ego Mobile Legends အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့တဲ့ Chester

အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် နာမည်ကျော် Mobile Legends အသင်း Alter Ego အနေနဲ့ Mobile Legends: Bang Bang MPL Season 4 ပြိုင်ပွဲမှာ တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့ခြင်း မရှိတာကြောင့် MPL Season 5 မှာ အသင်းကို တစ်ဖက်တစ်လှမ်းကနေ အထောက်အကူ ပေးစွမ်းနိုင်စေဖို့ အတွက် Alter Ego Mobile Legends အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ Adimas “Chester” Andoko ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Chest အနေနဲ့ Alter Ego Mobile Legends အသင်းရဲ့ အဓိက Mid Lane ကစားသမား အဖြစ် Eldhin “Celiboy” Putra မရောက်ရှိခင် အချိန် ကစားခွင့် ရရှိခဲ့ပေမယ့် Celiboy ရောက်ရှိလာပြီး နောက်ပိုင်းမှာ Chester တစ်ယောက် အရံ ကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရပါတယ်။

အရံ ကစားသမား ဘဝကနေ နည်းပြ အဖြစ် ခန့်အပ်ခံရခြင်းနဲ့ ပတ်သတ်ပြီး Chester ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကစားသမား ဘဝမှာကတည်းက ကျွန်တော် တစ်ဖက် အသင်းရဲ့ ကစားပုံကို လေ့လာသုံးသပ်ရတာ၊ တစ်ဖက် အသင်း အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ Hero Pick/ Ban တွေ ပြုလုပ်ရတာ နှစ်သက်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ရာထူးက ကျွန်တော့် အတွက် အခက်အခဲ ဖြစ်စေမှာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။

‌နောက်ပြီးတော့ Alter Ego Mobile Legends အသင်းရဲ့ နည်းပြ နေရာအတွက် အသင်းရဲ့ လက်ရှိကစားသမားတွေ၊ အသင်းပိုင်ရှင်တွေ ကိုယ်တိုင်က ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်ကို ရွေးချယ်ခဲ့တာ ဖြစ်တာကြောင့် အသင်း အောင်မြင်မှု ရရှိစေဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ Alter Ego Mobile Legends အသင်း အနေနဲ့ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး အဆင့် (၆) နေရာမှာ ရပ်တည်လျက် ရှိတာကြောင့် နောက်ပိုင်း ယှဥ်ပြိုင်သွားရမယ့် ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး ဇယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports