Dota 2 ‌‌လောကထဲကို စတင် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ Esports အဖွဲ့အစည်း Forze

Forze ဆိုတာကတော့ ရုရှားနိုင်ငံ အခြေစိုက် သက်တမ်းရင့် Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Froze Esports အနေနဲ့ Counter Strike Global Offensive, Tom Clancy’s Rainbow Six Siege, FIFA စတဲ့ နာမည်ကျော် Esports ကဏ္ဍတွေမှာ သက်တိုင်ရာ အသင်းကိုယ်စီနဲ့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယခုအခါမှာတော့ Dota 2 လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Forze Dota 2 အသင်းကို CIS Dota 2 လောကရဲ့ ဝါရင့်ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ အချိုးညီညီ ဖွဲ့စည်းထားပါတယ်။ Forze Dota 2 အသင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက Dota 2 လောကကို ဝင်ရောက်လာခဲ့တဲ့ CIS ဒေသရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Ivan “Vanskor” Skorokhod နဲ့ Stanislav “633” Glushan တို့ ပါဝင်သလို CIS ဒေသရဲ့ နာမည်ကျော် Dota 2 အသင်းတွေဖြစ်တဲ့ Effect, Team Empire, Natus Vincere စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ အသက် (၂၁) နှစ်အရွယ် Pos 4 ကစားသမား Chu လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Vanskor

ဒါ့အပြင် Forze Dota 2 အသင်းမှာ ဥရောပ Core Dota 2 Leaderboard ရဲ့ နံပါတ် (၂၀) နေရာမှာ ရပ်တည်နေတဲ့ Pubstar လူငယ်ကစားသမား Gibkiy ပါဝင်မှာ ဖြစ်သလို Vanskor, 633 တို့နဲ့ Gentleman Dota 2 အသင်းမှာကတည်းက အတူတကွ ကစားခဲ့တဲ့ လူငယ်ကစားသမားဖြစ်သူ Yegor “19teen” Lexutin တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

633

Gibkiy အနေနဲ့ လက်ရှိအချိန်ထိ ပရိုဖက်ရှင်နယ် Dota 2 ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖူးခြင်း မရှိသေးပေမယ့် EU Leaderboard မှာ နာမည်ကျော် ကစားသမားတွေနဲ့ အပြိုင် ထိပ်သီးနေရာကို ရယူထားနိုင်ခဲ့တာကြောင့် အသစ်ဖွဲ့စည်းလိုက်တဲ့ Forze Dota 2 အသင်းအတွက် များစွာသော အ‌ထောက်အကူတွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Chuvash

Forze Dota 2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ဒေသတွင်း ပြိုင်ပွဲတစ်ခုဖြစ်တဲ့OMG Cup မှာ ဝင်‌ရောက် ယှဉ်ပြိုင်လျက်ရှိပြီး မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် CIS ဒေသ အခြေစိုက် အင်အားကြီး Dota 2 အသင်း တစ်သင်း ထပ်မံ ပေါ်ပေါက်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Forze Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Gibkiy – Pos 1
  • 19teen – Pos 2
  • 633 – Pos 3
  • Chuvash (Chu) – Pos 4
  • Vanskor – Pos 5

REF: OneEsports