အသီးဖျော်ရည်တွေထဲမှာဘာအသီးကိုဖျော်သောက်အသင့်ဆုံးလဲ

အသီးဖျော်ရည်တိုင်းကအသားအရေအတွက်ကောင်းစေသလိုအူလမ်းကြောင်းကအညစ်အကြေးတွေကိုလည်းကင်းစင်စေပါတယ်။သဘာဝအသီးဖျော်ရည်တွေက ကျန်းမာပြီးခန္ဓာကိုယ်အတွက်နုပျိုစေတဲ့အပြင် မနက်ခင်းတိုင်းသောက်ပေးရင်တော့ ကိုယ့်အသားအရေကိုစိုပြေစေမှာအမှန်ပါနော်။သဘာဝသစ်သီးဖျော်ရည်တွေအထဲကမှ ဘယ်လိုမျိုးအသီးတွေကကျန်းမားရေးအတွက်ရော၊အသားအရေအတွက်ပါကောင်းစေလဲဆိုတာပြောပြပေးချင်ပါတယ်။
မုန်လာဥနီဖျော်ရည်
မုန်လာဥနီက ကင်ဆာဆဲလ်တွေကိုပြန့်နှံခြင်းမရှိအောင်လုပ်ပေးတဲ့အပြင်၊နှစ်တာရှိလများသောက်နိုင်ရင်တော့ အသည်းအားလည်းကောင်းမွန်စေပါတယ်။ အသားအရေလှစေခြင်း၊ Vitamin A ပါဝင်တဲ့အတွက်နေလှောင်ဓာတ်ကိုလည်းပျောက်ကင်းစေပါတယ်။ မျက်လုံးအားကောင်းခြင်း၊ နှလုံးရောဂါဖြစ်နေချေနည်းခြင်း စသည်ဖြင့်ကာကွယ်ပေးနိုင်ပါတယ်နော်။


သခွားသီးဖျော်ရည်
သခွားသီးကမြန်မာတို့အနေနဲ့က တိုးစရာအဖြစ်သာစားကျပြီးတော့ အသီးဖျော်ရည်အဖြစ်တော့ သောက်သုံးတဲ့သူတွေနည်းပါတယ်။Detox Water အဖြစ်နဲ့လည်းသောက်ကြပါတယ်။ သခွားကိုတော့ဖျော်ရည်အနေနဲ့သောက်ပေးရင် ရင်အေးစေပြီးရေငတ်လည်းပြေစေပါတယ်။ပိုတင်ဆီယမ်၊ ကယ်လ်ဆီယမ်၊ဆိုဒီယမ်၊သံဓာတ်တွေပါဝင်တဲ့အတွက် သွေးနီဥဖြစ်စေမယ့်ဓာတ်တွေကိုအားပေးနိုင်လည်းရှိပါတယ်။


ဌက်ပျောသီးဖျော်ရည်
ဌက်ပျောသီးဖျော်ရည်က ချွဲသလိပ်တွေပျော်စေပြီးတော့ အသက်ရှုလမ်းကြောင်းကိုပွင့်စေပါတယ်။ထမင်းစားပြီးတိုင်းသောက်ပေးရင် အဆုတ်ကိုလည်းအားကောင်းစေပါတယ်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest