Friend Zone ထဲရောက်နေရင်မလုပ်သင့်ဆုံးအချက် ၅ ချက်

သင့်ကိုယ်သင် Friend Zone ထဲရောကနေတယ်လို့ခံယူနေပါသလား? အခုပဲရုန်းထွက်လာပါတော့။အခုခေတ်မှာတော်တော်များများလူငယ်တွေက Friend Zone ထဲမသိမသာလေးရောက်နေတတ်ကြပါတယ်။ကိုယ်ကအဲ့လိုအခြေအနေတွေရောကနေတယ်၊အဲ့အခြေအနေထဲကကျော်ပြီး ချစ်သူရည်းစားဖြစ်ချင်တယ်ဆိုရင်လုံးဝမလုပ်သင့်တဲ့ အချက် ၅ ချက်ပြောပြပေးမယ်နော်။


ဖွင့်ပြောတာတွေအရင်သွားမလုပ်ပါနဲ့
တစ်ယောက်အကြောင်းတစ်ယောက်ကလည်းသိတယ်၊သူငယ်ချင်းတွေလည်းဖြစ်တယ်ဆိုလို့ ဖွင့်ပြောလိုက်ရင်တစိမ်းဆန်သွားတတ်ပါတယ်။အဲ့တော့အမူယာလေးတွေနဲ့ပြပြီးတဖြည်းဖြည်းသတိထားမိအောင်ပုံဖော်ပေးပေါ့ကိုယ့်ချစ်နေတာကို။


စိတ်ခံစားချက်ကိုဦးစားမပေးပါနဲ့
ကိုယ့်ဘက်ကအဆင့်ကျော်ချင်နေတဲ့သူမို့ချက်ချင်းကြီးပြောင်းလဲသွားတာမျိုးတွေမလုပ်ပါနဲ့၊ပိုဝေးသွားစေနိုင်ပါတယ်။နေ့တိုင်း စာတွေအများကြီးပို့တာမျိုုးတို့၊အာရုံနောက်စေတဲ့အပြုအမှုတွေသွားမလုပ်မိပါစေနဲ့နော်။


လိုတာထက်ပိုပြီးဂရုမစိုက်ပြပါနဲ့
တစ်ချို့တွေက အဲ့လိုအခြေအနေကနေထွက်ချင်တာနဲ့ အရမ်းတွေအိုဗာတင်းတွေလုပ်ပြတတ်ကြပါတယ်။တကယ်တမ်းကဒီနည်းလမ်းကမှားပါတယ်။သူတစ်ကယ်လိုအပ်နေတဲ့အချိန်မျိုးတွေကိုအမြဲစောင့်ကြည့်နေပါ။အဲဒီအချိန်ရောက်မှ တကယ်နွေးထွေးမှုကြင်နာမှုတွေ၊ယုယမှုတွေပေးလိုက်ပါ။အဲ့တာဆိုရင် သင်နဲ့နီးစပ်ဖို့အခွင့်အရေးကပိုများသွားပါပြီ။


ကိုယ့်စိတ်ထဲမှာသူမရှိတဲ့ပုံစံမျိုးဟန်ဆောင်ပါ
ဒီနည်းလမ်းက လှည့်ကွက်တစ်ခုပါတကယ်တော့၊တကယ်တမ်းပြောရရင် လူတွေကကိုယ့်ကိုအရေးမပေးတဲ့သူတွေဆိုသူတို့စိတ်ထဲမှာပိုရှိနေတတ်ကြပါတယ်။ဒါကြောင့်အရမ်းကြီးအဖြစ်သဲပြတဲ့ပုံစံမျိုးတွေသွားလုပ်ပြနေရင်တော့ ပိုပြီးတော့အမြင်ကတ်ခံထိနိုင်ပါတယ်။


သူ့ဆီကခွင့်ပြုချက်တွေမတောင်းပါနဲ့
ကလေးဆန်တိုင်းလည်းမကောင်းပါ။လူကြီးဆန်ဆန်နဲ့တစ်ခုခုလုပ်မယ်ဆိုရင် ခွင့်ပြုချက်တောင်းနေမဲ့အစား၊အကြံဉာဏ်တွေတောင်းပါ။တိုင်ပင်ပါ။အဲ့တာဆိုရင်တစ်ဖက်လူကကိုယ့်ကိုအရေးပေးတဲ့သူတစ်ယောက်ဆိုပြီး စိတ်ထဲမှာကြိတ်ပျော်နေပါလိမ့်မယ်။မယုံရင်လုပ်ကြည့်ပါ။


ဒီနည်းလမ်းလေးတွေကိုရှောင်ကျဉ်ပြီးသင့်အချစ်ရေးအဆင်ပြေပြီး Friend Zoneထဲကရုန်းထွက်နိုင်ကြပါစေနော်။

Photo Credit- Unsplash

Kelly (Akhayar Lifestyle)