ကိုယ့်ရဲ့ဆံပင်တွေကို အရှည်မြန်စေဖို့အတွက်ဘာတွေစားသင့်လဲ

ကိုယ့်ရဲ့ဆံပင်တွေကို အရှည်မြန်စေဖို့အတွက်ဘာတွေစားသင့်လဲ

ဆံပင်ဆိုတာက မိန်းကလေးတိုင်းရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားလို့လည်းပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ဆံပင်ကိုအရှည်မြန်စေဖို့ မိန်းကလေးတွေက အမျိုးမျိုးကြိုးစားကြပါတယ်။တစ်ချို့သူတွေကလည်း ဆံပင်ပြသာနာတွေဖြစ်တတ်ပါတယ်။ဆံပင်ပါးခြင်း၊ ဆံပင်ကျွှတ်ခြင်းတွေ ဆံပင်အရှည်နှေးတာမျိုးတွြေုဖစ်တတ်ပါတယ်။ဒီလိုဆို  ဆံပင်အားကောင်းဖို့အတွက်ဖြည့်စွက်စာတွေစားပေးဖို့လိုအပ်ပါတယ်။ဖြည့်စွက်စားကိုလည်းမှန်မှန်စားပေးဖို့လိုအပ်ပါတယ်။
ထောပတ်သီး
ထောပတ်သီး မှာပါဝင်တဲ့ Vitamin –E ကဆံပင်အားကောင်းဖို့အတွက် အဓိကအားဖြစ်စေပါတယ်။ ထောပတ်သီးကိုလည်း မှန့်ရောင်နေတဲ့ အနေအထားမျိုးထိမစားသင့်ပါဘူးနော်။ တစ်ပတ်ကို ၂ လုံးဖြစ်အောင်စားပေးသင့်ပါတယ်။


ကြက်ဥ
ကြက်ဥမှာရှိတဲ့ Protein ကဆံပင်အားကောင်းဖို့အပြင်  Diet လုပ်နေတဲ့သူတွေအတွက်ပါစားပေးသင့်ပါတယ်။တစ်နေ့ကို  မနက်နိုးလာတာနဲ့ တစ်လုံး၊ညနေတစ်လုံးလောက်စားပေးသင့်ပါတယ်။


ကန်စွန်းဥ
ကန်စွန်းဥမှာပါဝင်တဲ့ ဗီတာမင်-အေ ကဦးရေပြားကိုအားကောင်းအောင်လုပ်ပေးပြီး၊ ဆံပင်ရှည်အောင်လည်းလုပ်ပေးပါတယ်။

Photo Credit -Free Image

Kelly - Akhayar Lifestyle