Epic Games Store ကနေ Free ရယူနိုင်မယ့် Hitman

ဒီတစ်ပတ်အတွက် Epic Games Store ကနေ Free ပေးမယ့်ဂိမ်းကတော့ နာမည်ကြီး Agent 47 ပါဝင်တဲ့ Hitman ပဲဖြစ်ပါတယ်။ ၂၀၁၆ ကထုတ်ထားတဲ့ ဂိမ်းကို Free ပေးထားတာမို့လို့ အနည်းတော့ဟောင်းနေပြီလို့ ပြောလို့ရပါတယ်။ ၂၀၂၁ မှာထွက်ရှိလာမယ့် Hitman 3 ဂိမ်းအတွက် အမြည်းပေးကျွေးထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

Epic ကတော့ အမြဲလိုလိုဂိမ်းတွေကို Free ပေးတတ်ပြီး၊ Just Cause 4, GTA V, World War Z, Civilization VI နဲ့ Remnant: From The Ashes စ တဲ့ဂိမ်းကြီးတွေကိုလည်း Free ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါ့အပြင် A Total War Saga: TROY ကိုလည်း Free တစ်ရက်ချပေးခဲ့ပါသေးတယ်။

Hitman က ဘယ်လိုဂိမ်းမျိုးလည်းဆိုရင်တော့ တိတ်တဆိတ်လှုပ်ရှားပြီး လူဆိုးတွေကိုလုပ်ကြံရမယ့် ဂိမ်းပုံစံမျိုးဖြစ်ပါတယ်။ Mission တွေအလိုက်လည်းအဝတ်အစားပုံစံတွေပြောင်းပြီး၊ မိမိကိုဘယ်သူမှမသိအောင် ပုန်းလျှိုးကွယ်လျှိုးနဲ့တိုက်ခိုက်ရမယ့်ဂိမ်းတစ်မျိုးပါ။ Hitman ကတုံးကြီးကိုကြိုက်တယ်ဆိုရင်တော့ ဒီဂိမ်းကို စက်တင်ဘာလ ၃ ရက်နေ့မတိုင်ခင်မှာ Epic Games Store ကနေ Free ရယူထားသင့်ပါတယ်။