Handler Myanmar ဝန်ဆောင်မှုနှင့်အတူ အသက်သာဆုံးနှုန်းထားဖြင့် မြန်မာနိုင်ငံတွင် လွယ်ကူစွာခရီးသွားနိုင်ပြီဖြစ်

မြန်မာနိုင်ငံရှိဟိုတယ်များကိုအကောင်းဆုံးဝင်ဆောင်မှုအသက်သာဆုံးစေ◌ျးနှုန်းဖြင့် Handler Myanmar OTA ( Online Travel Agent) ကို web နဲ့ mobile application ကို Lotte Hotel မှာမိတ်ဆက်ပေးလိုက်ပါတယ်။ Myantel မှဖန်တီးထုတ်လုပ်ထားသော App ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များနှင့်ခရီးသွားများကြုံတွေ့လေ့ရှိသောအခက်အခဲများကိုဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
Handler Myanmar သည် "ONE VISION and ONE DREAM" ဆိုတဲ့အတိုင်း ပြည်တွင်းခရီးသွားလုပ်ငန်းကိုမြင့်တင်ရန်သင့်တော်သောစေ◌ျးနှုန်းများနှင့်ဟိုတယ်ဘိုကင်ပြုလုပ်ခြင်းကိုလွယ်ကူလျှင်မြန်စွာဆောင်ရွက်ပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ဖို့ရည်ရွယ်ထားတာပါ။ App မိတ်ဆက်ပွဲကို ခရီးသွားနယ်ပယ်ရှိလုပ်ငန်းစုအသီးသီးမှထိပ်တန်းပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များနှင့် စာနယ်ဇင်းမီဒီယာမှလူကြီးမင်းများတက်ရောက်ခဲ့ပါတယ်။


Handler OTA ( Online Travel Agent ) တွင် မိမိကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်လည်ပတ်သူတွေအတွက်အကျိုးရှိပြီးသုံးရလွယ်မည့် ပလက်ဖောင်းတစ်ခုဖြစ်အောင်ဖန်တီးထားတာပါ။ဒီပလက်ဖောင်းမှတစ်ဆင့်ပြည်တွင်းခရီးသွားတွေအတွက်ခရီးစဉ်ကြိုတင်စီစဉ်ရာမှာဟိုတယ်များနှင့်တိုက်ရိုက်ချိတ်ဆက်နိုင်ပြီးငွေပေးချေရာတွင်မြန်မာကျပ်ငွေဖြင့်ပေးချေနိုင်ပြီးအကောင်းဆုံစေ◌ျးနှုန်းများဖြင့် Visa, Master.MPU.Wavemoney, M-Pitesan တို့နှင့်ပေးချေနိုင်ပြီး grab & go, ABC, City Mart, Denko Mart အစရှိသည့်ဆိုင်များမှာငွေပေးချေနိုင်မှာပါ။


Handler Myanmar App ကို IOS နှင့် Andriod ဖုန်းများတွင် အခမဲ့ဒေါင်းလုပ်ဆွဲအသုံးပြုနိုင်မည်ဖြစ်ပြီးတခြားခရီးသွားအေးဂျင့်များထက်  တစ်ဝက်ခန့်သက်သာသောနှုန်းထားဖြင့်ဘိုကင်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ လက်ရှိတွင် Handler Myanmar မှမြို့နယ်ပေါင်း ၂၃ တွင်လွှမ်းခြုံထားပြီးမိနစ်သုံးဆယ်အတွင်းအကြောင်းပြန်ဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။Hanldler Myanmar အကြောင်း အသေးစိတ်သိရှိလိုပါက www.gohandler.com သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။