ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အစားအသောက်တွေကိုစားရဲ့လား

လူအများစုက ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရပြည့်အောင်အစားစာတွေစားကြရပါတယ်။စားတဲ့အထဲမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ကောင်းလား၊မကောင်းလားဆိုပြီးမတွေးတတ်ကြပါဘူး။ကြိုက်တယ်ဆိုရင်စားလိုက်တာပဲ အဲ့လိုမျိုးလေးတွေပေါ့နော်။အဆီအနှစ်တွေစားကြတယ်၊ ပြီးရင်သွေးကြောပိတ်တာတွေဖြစ်လာမယ်။အသည်းတွေကျောက်ကပ်တွေကအဆိပ်တွေကိုမစွန့်ထုတ်မချေဖျက်နိုင်တဲ့အခါ ပျက်စီးကြရပါတယ်။

အဲ့ဆိုခန္ဓာကိုယ်ကဝလာမယ် အဆီတွေတက်လာမယ်ဆိုတာကနောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်ပါတယ်။တစ်နေ့ကို သုံးကြိမ်ပုံမှန်စားမယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘာလိုမျိုးအာဟာရဓာတ်တွေလိုအပ်နေလဲ ဆိုတာကိုယ့်ကိုကိုယ်အမြဲဆန်းစစ်နေဖို့လိုပါတယ်။အစားစာတာများရင်လည်း အစားခြေတဲ့စနစ်ကအလုပ်မလုပ်နိုင်ပဲနဲ့ဖြစ်လာမယ် အဲ့တာကိုလူတွေကအစားစာတာလို့ ဗိုက်တွေပူလာတယ်လို့ထင်ကြတာပေါ့နော်။

ကိုယ့်ရဲ့ခန္ဓာကိုယ်ကအဆီတွေကများလာပြီးတော့  စိတ်ဓာတ်တွေကျလာမယ်၊ ထရထိုင်ရတာအဆင်မပြေလို့ ဘယ်မှမသွားချင်ဘူးတွေဖြစ်လာမယ်။အဲ့တာကြောင့် မလိုလာအပ်တဲ့ဆိုးကျိုးတွေကနေကင်းဝေးပြီး အသက်ရှည်ရှည်နေချင်တယ်ဆိုရင်တော့ အစားအသောက်တွေကိုလိုတာထက်ပိုမစားပါနဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားစားတွေကိုပဲရွေးချယ်ပြီးစားပေးပါနော်။

Photo Credit -Pinterest

Kelly -Akhayar Media