အသဲကွဲရင်ဘယ်လိုပြန်ကုစားမလဲ

လွန်ခဲ့တဲ့လအနည်းငယ်က ခင်ဗျားတို့ရဲ့ဆက်ဆံရေးအဆုံးသတ်ခဲ့ပြီးအချိန်ထိ နှလုံးသားထဲမှာဟာတာတာနဲ့အခုထိဘာလုပ်လုပ်အဆင်မပြေတုန်းလား။ ညဘက်နဲကနေ့ဘက်နဲ့မှားယွင်းစွာ နေမိပြီ၊အလုပ်တွေလုပ်ရတာလည်းစိတ်မပါဘူး၊ ညဘက်တွေမှာလည်းအရက်တွေအလွန်အကျွံသောက်ဖြစ်နေမယ်။တစ်ခြားသူတွေနဲ့ စကားပြောတဲ့အခါတွေမှာလည်း ဝေးဝါးနေမယ်။တကယ်တော့အသဲကွဲခြင်းဆိုတာ စိတ်ဓာတ်ကျခြင်း သင်းကွဲနေလိုက်ခြင်း၊ အထီးကျန်မှုတွေစသဖြင့်စိတ်နဲ့ဆိုင်တဲ့လက္ခဏာတွေပေါ့၊တကယ်တော့ အသဲကွဲတာကိုခံစားနေတယ်ဆိုတာ ကိုယ့်စိတ်ကိုယ်ပြန်သတ်ခြင်းတစ်မျိုးပါနော်။

Photo Credit -Faviam

ကိုယ်ခံစားနေရတာတွေကို စာရွက်ပေါ်အကုန်ချရေးပါ။နေ့စဉ်မှတ်တမ်းတင်ခြင်းကလည်း ကိုယ့်ရဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့ကူညီပေးနိုင်ပါတယ်။နေရာအသစ်ကိုသွားပါ။ကိုယ်မှာရှိနေတဲ့ဆင်ခြေများကိုဖယ်ရှားပြီးအရင်ကကိုယ်နဲ့အခုလက်ရှိကိုယ်နဲ့ကိုပြန်လည်သုံးသပ်ပါ။ဝမ်းနည်နေချိန်မှာကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်တောင်ရးချင်ရေးလို့ရပါတယ်။ဘေးကအဖော်တွေဆုံးရှုံးသွားလို့ဆိုပြီးဝမ်းနည်းနေတဲ့အချိန်မျိုးမှာကိုယ်တိုင်အချိန်တွေရှာပါ၊အချိန်တွေကတန်ဖိုးရှိပါတယ်။အဲ့တော့အသဲကွဲတာကကုစားလို့ရပါတယ်နော်။

Photo Credit - The Time

Kelly -Akhayar Lifestyle