အသက် (၁၈) နှစ် အရွယ် လူငယ်ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တဲ့ CSGO အသင်း Heretics

ပြင်သစ်နိုင်ငံသား အများစုနဲ့ ဖွဲ့စည်းထားတဲ့ Team Heretics CSGO အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပြီးစီးသွားခဲ့တဲ့ Europe Minor Championship Rio 2020 လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ပေမယ့်လည်း အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Jeremy “jeyN” Nguyen တစ်ယောက် အသင်းကနေ ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

jeyN

ယခုအခါမှာတော့ jeyN နေရာမှာ အစားထိုးဖို့ အတွက် အသက် (၁၈) နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကစားသမားလေး Nabil “Nivera” Benrlitom ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Team Heretics အနေနဲ့ တရားဝင် ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။

Nivera အနေနဲ့ C-Tier အဆင့်ရှိ CSGO အသင်းများမှာသာ ကျင်လည် ကစားခဲ့ဖူးပေမယ့်လည်း နာမည်ကျော် CSGO အသင်း Vitality က ပြီးခဲ့တဲ့ ရက်ပိုင်းက ခေါ်ယူသွားခဲ့တဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်သူ Kevin “Mistuaaa” Rabier နဲ့ အတူတကွ တွဲဖက် ကစားခဲ့ဖူးသလို CSGO လောကရဲ့ နာမည်ကျော် ကစားသမားလည်းဖြစ်၊ Rifle တွေနဲ့ Head-Shot ပစ်ရာမှာ ကျွမ်းကျင်လှတဲ့ ကစားသမား တစ်ဦးလည်းဖြစ်တဲ့ ScreaM နဲ့ ညီအစ်ကို တော်စပ်သူလည်း ဖြစ်ပါတယ်။

Nivera

Nivera အနေနဲ့ ယခင် အသင်းတွေမှာ AWPer အဖြစ် တာဝန်ယူ ကစားခဲ့ပေမယ့်လည်း Team Heretics မှာတော့ Bryan “Maka” Canda ကသာ AWPer အဖြစ် ဆက်လက် တာဝန်ယူသွားဖွယ်ရှိပြီး Nivera ကတော့ အစ်ကိုဖြစ်သူ ScreaM နည်းတူ Rifler အဖြစ်‌ ပြောင်းလဲ တာဝန်ယူ ကစားသွားရဖွယ် ရှိပါတယ်။

Heretics အနေနဲ့ ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ ကျင်းပသွားမယ့် ESL One Rio Major မှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Nivera တစ်ယောက် အစ်ကိုဖြစ်သူ ScreaM နည်းတူ CSGO လောကရဲ့ နာမည်ကျော် ကစားသမား အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ScreaM

Heretics CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • kioShiMa
  • xms
  • Maka
  • Lucky
  • Nivera
  • B1GGY (Coach)

REF: VpEsports