PUBG Mobile အတွက် Beta Tester များကို ခေါ်ယူနေပြီဖြစ်တဲ့ Tencent

နာမည်ကျော် Battle Royale အမျိုးအစား မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ PUBG Mobile အနေနဲ့ အသစ်ထွက်လာမယ့် Feature အသစ်တွေကို User တွေလက်ထဲ တရားဝင် မချပြခင် စမ်းသပ် အသုံးပြုစေဖို့ အတွက် Beta Tester တွေ လိုအပ်နေကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ Beta Tester အဖြစ် ခန့်အပ်ခြင်း ခံရသူတွေ အနေနဲ့ PUBG Mobile Update အသစ်တွေကို User တွေထက် ကြိုတင် ရရှိမှာဖြစ်သလို Update မှာ ဖြစ်ပေါ်နေတဲ့ Bug တွေ၊ Update နဲ့ ပတ်သတ်ပြီး အကြံပြုလိုတာတွေကို Tencent ကို ပြန်လည် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Beta Tester ရာထူး လျှောက်ထားသူတွေ အနေနဲ့ အောက်ပါမေးခွန်းတွေကို ဖြေကြားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • အသက်အရွယ်
  • User ID
  • Usernames
  • နောက်ဆုံး Season သုံးခုမှာ အမြင့်ဆုံး ရောက်ရှိခဲ့တဲ့ PUBG Mobile Rank
  • PUBG Mobile ကို စတင် ကစားခဲ့တဲ့အချိန်
  • တစ်ပတ်လျှင် PUBG Mobile ကို ဘယ်နှစ်နာရီခန့် ကစားလေ့ရှိလဲ
  • ဘာကြောင့် PUBG Mobile Beta Tester ရာထူးကို လျှောက်ထားရတာလဲ
  • PUBG Mobile ကို Login ပြုလုပ်လေ့ရှိတဲ့ နည်းလမ်း
  • PUBG Mobile ကို ကစားရာမှာ အသုံးပြုလေ့ရှိတဲ့ Device အမျိုးအစား
  • Beta Tester လျှောက်ထားသူရဲ့ Email လိပ်စာ

တကယ်လို့ သင့်အနေနဲ့ PUBG Mobile အတွက် Beta Testing ရာထူးမှာ လျှောက်ထားချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကို နှိပ်ပြီး တိုက်ရိုက် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ Beta Tester အဖြစ် လျှောက်ထားသူတွေ အနေနဲ့ မေးခွန်း (၁၅) ခုကို ဖြေကြားပေးရမှာ ဖြစ်ပြီး လျှောက်ထားသူတွေ အထဲက Tencent Gaming က သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီသူတွေကတော့ PUBG Mobile ရဲ့ Beta Tester အဖြစ် ခန့်အပ်ခြင်း ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် GameJoe ပရိသတ်တွေ အထဲမှာ PUBG Mobile ကို ကစားရတာ ချစ်မြတ်နိုးပြီး Beta Tester ဖြစ်ချင်သူတွေ ရှိနေခဲ့မယ်ဆိုရင် အမြန်ဆုံး သွားရောက် လျှောက်ထားလိုက်ဖို့ ဒီနေရာကနေ အကြံပေးလိုက်ပါရစေ။

REF: DotEsports