ကိုယ့်အပေါ်မှာ သစ္စာမရှိတော့တဲ့သူတွေကိုဘယ်လိုပြန်တုံပြန်သင့်လဲ

လူတိုင်းလူတိုင်းမှာကိုယ်ချစ်ရတဲ့သူ၊ကိုယ်တန်ဖိုးထားတဲ့သူက ကိုယ့်ကိုသစ္စာဖောက်တဲ့သူတွေကတစ်ချိန်ကျရင် ကိုယ်ဘေးကနေထွက်ခွာသွားတာမျိုးတွေတစ်နေ့မဟုတ်တစ်နေ့တော့ကြုံရစမြဲပါနော်။အဲ့လိုမျိုးအခြေအနေတွေကြုံလာရင် ကိုယ့်တစ်ယောက်တည်းဘယ်လိုပြန်ရပ်တည်မလဲ၊တစ်ချိန်က ကိုယ့်ဘေးနားမှာပဲအမြဲရှိနေလည်း ဆက်ဆံရေးကပြောင်းလဲသွားတာမျိုး၊ ကိုယ်ချစ်ရတဲ့ချစ်သူဒါမှမဟုတ် ကိုယ့် သူငယ်ချင်းတွေက အနားကနေထွက်သွားတာမျိုးဆို ဘယ်လိုပြန်တုံပြန်ရမလဲ ။
ထွက်သွားခွင့်ပေးလိုက်ပါ
ကိုယ့်ဘေးနားမှာမနေချင်တော့တဲ့သူတွေကိုဆွဲထားလို့လည်းဘာမှထူးမှာမဟုတ်ပါဘူး၊သူ့ဘက်ကရော ၊ကိုယ့်ဘက်ကရော စိတ်ဆင်းရဲတာပဲအဖတ်ထင်နေပါလိမ့်မယ်၊ အဲ့တော့ အကောင်းဆုံးအဖြေက သူ့ကိုထွက်သွားခွင့်ပြုလိုက်ပါ။


အမုန်းနဲ့  လမ်းမခွဲပါနဲ့
အမုန်းနဲ့လွမ်းခွဲတယ်ဆိုတာဘယ်အရာမှမကောင်းပါဘူးနော်၊ ကိုယ့်စိတ်ကိုဒုက္ခမခံပါနဲ့၊ ကိုယ်လည်းနာကျင်ရသလို၊ သူတစ်ပါးကိုလည်းစိတ်အနှောက်အယှက်လည်းမဖြစ်စေသလို၊ ကိုယ်လည်းစိတ်ပင်ပန်းတာတွေမဖြစ်တော့ဘူးပေါ့။ အမုန်းနဲ့လမ်းခွဲတာထက် ချစ်ခြင်းတရားနဲ့လမ်းခွဲတာကပိုကောင်းပါတယ်။


နားလည်ပေးလိုက်ပါ
နားလည်းပေးခြင်းက အကောင်းဆုံးခွင့်လွှတ်ပေးခြင်းပါနော်။ ကိုယ့်အနားမှာနေလို့မပျော်တဲ့သူတွေကို  အတင်းခေါ်ထားပြန်ရင်လည်းမရပြန်ရော၊ လောကမှာတစ်ချိန်ချိန်မှာ အားလုံးကိုထားခဲ့ပြီးထွက်သွားရမှာက သဘာဝပါနော်။အဲ့တော့ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါနော်။

Kelly -Akhayar Lifestyle

Photo Credit - Digest