၂ဝ၁၈ခုနှစ်မှာ အများဆုံးလှူဒါန်းခဲ့တဲ့ Jeff Bezos နဲ့ MacKenzie Bezos

ပရဟိတကို အများအကျိုးကို ဆောက်ရွက်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါမယ်။ ကိုယ့်အကျိုးကို မမျှော်ကိုးဘဲ အများကောင်းကျိုးအတွက် အနစ်နာခံ ဆောက်ရွက်တဲ့သဘောပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်ကြတယ်၊ ဆေးရုံတွေ ဆောက်ကြတယ်၊ မိဘမဲ့ဂေဟာတွေကို လှူဒါန်းကြတယ် စသဖြင့်ပေါ့။ ကိုယ်ပိုင်ဥစ္စာတွေကို လိုချင်တပ်မက်မှု ပယ်ခွာပြီး စွန့်ကြဲတာပါ။ ၂ဝ၁၈ခုနှစ်အတွင်း ကမ္ဘာကျော်ပုဂ္ဂိုလ်တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းခဲ့တဲ့ ငွေကြေးပမာဏဟာ ဒေါ်လာ ၇.၈ ဘီလီယံအထိရှိတယ်လို့ Chronicle of Philanthropy မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်မှာတော့ လှူဒါန်းခဲ့တဲ့ ငွေကြေးပမာဏဟာ ဒေါ်လာ ၁၄.၇ ဘီလီယံအထိရှိခဲ့တာကြောင့် ၂ဝ၁၈ခုနှစ်မှာ လှူဒါန်းမှု ကျဆင်းသွားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

၂ဝ၁၈ခုနှစ်မှာ အလှူအတန်းအများဆုံးပုဂ္ဂိုလ်ကတော့ Jeff Bezos နဲ့ MacKenzie Bezos တို့ဇနီးမောင်နှံပါ။ (မကြာခင် ကွာရှင်းတော့မယ်လို့ သိရပါတယ်။) အိုးခြေမဲ့ပြည်သူတွေနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ အဆင့်မီမူကြိုကျောင်းတွေ တည်ဆောက်ဖို့ ၂ဝ၁၈ခုနှစ် စက်တင်ဘာလမှာ ဒေါ်လာ ၂ ဘီလီယံအထိကို လှူဒါန်းခဲ့တာပါ။ ဒုတိယအများဆုံးပုဂ္ဂိုလ်က Michael Bloomberg ပါ။

သူဟာ အနုပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်နဲ့ တခြားပရဟိတလုပ်ငန်းတွေမှာ ဒေါ်လာ ၇၆၇ သန်းအထိကို လှူဒါန်းခဲ့ပါတယ်။ သူတို့နောက်မှာတော့ Pierre Omidyar နဲ့ Pam Omidyar တို့ဇနီးမောင်နှံရဲ့ လှူဒါန်းမှုက ဒေါ်လာ ၃၉၂ သန်းအထိကို ရှိပါတယ်။ Stephen Schwarzman (ဒေါ်လာ ၃၉ဝ သန်း) ၊ Steve Ballmer (ဒေါ်လာ ၂၉၅ သန်း) နဲ့ Paul Allen (ဒေါ်လာ ၂၆၁.၄၃ သန်း) အထိကို ရှိခဲ့ပါတယ်။ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁၃၅.၂ ဘီလီယံအထိ ကြွယ်ဝတဲ့ Jeff Bezos နဲ့ MacKenzie Bezos တို့ဇနီးမောင်နှံဟာ မကြာခင်မှာ ကွာရှင်းတော့မှာဖြစ်ပြီး ပိုင်ဆိုင်မှုကို တစ်ဝက်စီခွဲသွားဖွယ်ရှိပါတယ်။

Photo Credit – Chronicle of Philanthropy

ကျော်စိုးအောင် (အခရာ)