အနာဂတ်မှာ ကိုယ်တွေသုံးစွဲရမယ့် ပိုက်ဆံဆိုတာ ဘယ်လိုပုံစံမျိုးလဲ

အခရာပရိသတ်ကြီး တွေးမိဖူးပါသလား။ နောက်လာမယ့်အချိန်တွေမှာ တိုတ့တွေ သုံးမယ့်ပိုက်ဆံတွေက ဘယ်လိုပုံစံရှိမလဲလို့လေ။ တကယ်တော့  အနာဂတ်ဆိုပြီး အဝေးကြီးကို တွေးကြည့်စရာမလိုပါဘူး။ အနီးအနားမှာတင် အဲ့ဒီအရာက ရှိနေပါပြီ။ ဒီတော့ အနာဂတ်မှာ ကိုယ်တွေကိုင်ရမယ့် ပိုက်ဆံက ဘယ်လိုပုံစံရှိမှာလဲ။ ဘယ်လိုမျိုးလဲ။

တခြားတော့ မဟုတ်ပါဘူး။ အနာဂတ်မှာ ကိုယ်တွေသုံးစွဲရမယ့် ပိုက်ဆံဆိုတာ Credit Card ၊ Debit Card တွေလို ဘဏ်ကဒ်တွေနဲ့ အင်တာနက်အသုံးပြု Online Banking စနစ်တွေပါပဲ။ Future Money လို့ တင်စားခေါ်လို့ရတဲ့ ဒီနည်းပညာသုံးငွေကြေးစနစ်တွေကိုတော့ အခုလက်ရှိအချိန်မှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။

ငွေကြေးစနစ်
ခေတ် တစ်ခေတ်နဲ့ တစ်ခေတ် အကူးအပြောင်းမှာ အတူလိုက်ပါကူးပြောင်းတဲ့အရာတစ်ခုကတော့ ငွေကြေးစနစ်ပဲ ဖြစ်ပါတယ်။ ဟိုးအရင်အချိန်တွေက အလဲအလှယ်လုပ်တဲ့စနစ်နဲ့ ရောင်းဝယ်ဖလှယ်ကြတယ်။ ဒီနောက်မှာတော့ ဒင်္ဂါးပြားတွေ၊ ပြီးတော့ အကြွေစေ့၊ နောက်ပြီး ငွေစက္ကူတွေ စတာတွေကို သုံးစွဲကြပါတယ်။ အခရာပရိသတ်ကြီးတွေထဲက တချို့တောင်မှ အကြွေစေ့ခေတ်ကိုတောင် မှီလိုက်ဦးမယ်ထင်ပါတယ်။ အခုချိန်မှာတော့ နည်းပညာသုံးငွေကြေးဖြစ်တဲ့ ဘဏ်ကဒ်တွေက အကြွေစေ့နဲ့ ငွေစက္ကူနေရာတွေမှာ အစားထိုးဝင်ရောက်လာပါပြီ။

Cashless နိုင်ငံတွေ
သူတို့တွေက ဘယ်လောက်ထိနေရာရလာသလဲဆိုရင် ကမ္ဘာပေါ်က တချို့နိုင်ငံတွေမှာ ငွေစက္ကူကိုင်ရင်တောင် အခက်ကြုံမယ့်အနေအထားထိတောင် ဖြစ်လာတဲ့အထိပါပဲ။ ဒီတော့ ခရီးသွားမယ်ဆိုရင် ကိုယ်ရောက်တဲ့ နိုင်ငံက ပိုက်ဆံကို လဲတာလည်း လဲပေါ့။ UnionPay လို နိုင်ငံပေါင်း (၁၇၀) ကျော်မှာ သုံးလို့ရတဲ့ ဘဏ်ကဒ်လည်း လုပ်ထားဖို့ မမေ့သင့်ပါဘူး။ ဘဏ်ထဲမှာ ပိုက်ဆံထည့်ထားပြီး ကဒ်တစ်ခုရှိထားရုံနဲ့ ပေးထားတဲ့စက်မှာ Scan ဖတ်ရုံပါပဲ။ ဒီလိုဆိုတော့ အကြွေကိစ္စဘာညာ အကြီးအကျယ်ခေါင်းစားစရာလည်းမလိုတော့ပါဘူး။

မလုပ်မဖြစ်လုပ်ထားရတော့မယ်ဆိုတဲ့ သက်သေတွေ
အင်တာနက်နဲ့ အလုပ်လုပ်တာက အရင်တုန်းကလို အချိန်တစ်ခုသီးသန့်ကြီးပေးစရာမလိုဘဲ ခုပို့၊ ခုရောက်ဆိုတဲ့ အားသာချက်ကြောင့် ခရီးသွားလုပ်ငန်းတွေတော်တော်များများကလည်း နည်းပညာသုံးငွေကြေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ မဆန်းပါဘူး။ ခရီးသွားလုပ်ငန်းတွေတောင် သုံးတဲ့ ဒီစနစ်က နိုင်ငံရဲ့စီးပွားကူးသန်းအကြောင်းကိစ္စတွေမှာလည်း မပါမဖြစ်တဲ့ အခန်းကဏ္ဍက ပါလာပြန်ပါတယ်။ ဒီတော့ ဘယ်သွားသွား သင့်မှာအနည်းဆုံး ဘဏ်ကဒ်တစ်ခုတော့ ရှိထားသင့်တယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်။ ဥပမာပြောရရင်တော့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်ဆင်မယ်ဆိုရင် မလုပ်မဖြစ်လုပ်ရမှာက နိုင်ငံတိုင်းလိုလိုမှာ သုံးလို့ရတဲ့ ဘဏ်ကဒ် တစ်ခုရှိထားဖို့ပါပဲ။

ကဒ်စနစ်ဆိုတာ ကိုယ်တွေ နိုင်ငံမှာသာ အစပျိုးနေတဲ့ အနေအထားတစ်ခုဖြစ်နေပေမယ်လို့ တခြားနိုင်ငံတွေကတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ဘာပဲပြောပြော အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အခုချိန်ကတည်းက ကိုယ့်လက်ထဲ ဘဏ်ကဒ်တစ်ခုလောက် မရှိရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ငွေစက္ကူတွေလုံးဝမရှိတော့တဲ့အချိန်ဆိုတာ အနှေးအမြန်ဆိုသလိုပဲ ရောက်လာတော့မှာပါ။ ဒီတော့ အနာဂတ်ကို ခဏဘေးချိတ်ထားဦး။ လက်ရှိအချိန်မှာ တချို့နေရာတွေရောက်ရင် အသုံးပြုဖို့အတွက် UnionPay လို ဘဏ်ကဒ် အနည်းဆုံးတစ်ခုလောက်တော့ လက်ထဲရှိထားတယ်ဆိုရင်ပဲ အကောင်းဆုံးဖြစ်မှာပါ။

NSC