ဒီ Plastic Challenge ကို ဘယ်သူတွေ Accepted လုပ်ပြီးကြပြီလဲ

ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ပလတ်စတစ်ရဲ့ ဆိုးကျိုးဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတာ မျက်ဝါးထင်ထင်တွေ့မြင်နေရတယ် မဟုတ်ပါလား။ မိုးမသည်းလိုက်နဲ့ ထစ်ခနဲရှိ ရေကြီးတာတွေ၊ ရေနေသတ္တဝါတွေ မရှုမလှသေဆုံးတာတွေအပြင် လူ့ခန္ဓာကိုယ်မှာ ရောဂါဖြစ်စေတဲ့ အရင်းခံက ပလတ်စတစ်က လာနေတာပါ။

အခရာက ပလတ်စတစ်တွေရဲ့ ဆိုးကျိုးအကြောင်း အခါအားလျော်စွာ ရေးပေးနေတာကို စာဖတ်ပရိသတ်ကြီး သတိပြုမိကြမယ် ထင်ပါတယ်။ အခရာမှ မဟုတ်ပါဘူး။ အခုဆိုရင် နာမည်ကြီး Social Influencer တချို့ကပါ လူထုကြားမှာ ပလတ်စတစ်အသုံးပြုနှုန်းကို ပြန်ဆန်းစစ်မိဖို့အတွက် #TooMuchPlastic ဆိုတဲ့ Hashtag နဲ့ Challenge တွေ လုပ်နေကြပါပြီ။

Win Min Than (Yangon In My Heart)
Beauty Blogger တစ်ဖြစ်လဲ မဝင်းမင်းသန်းကတော့ Beauty ဘက်ကိုပဲ အသားပေးသွားနေတဲ့သူမဟုတ်ဘဲ စာဖတ်သူတွေ သိသင့်သိထိုက်တာတွေကိုပါ ဝေမျှတတ်သူမို့ #TooMuchPlastic Challenge မှာ ပါဝင်တာ မဆန်းပါဘူး။ မဝင်းမင်းသန်းဟာ သူ့ကိုယ်ပိုင်အကောင့်အပြင် Yangon In My Heart Page မှာပါ “ပလတ်စတစ်လျှော့သုံးရင်း ပိတ်ရက်မရှိ လှရအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပလတ်စတစ်လျှော့သုံးဖို့ နည်းလမ်းတွေကို ပြောပြီး Challenge လုပ်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

Going green is always in style. ပလက်စတစ်လျှော့သုံးရင်း ပိတ်ရက်မရှိလှရအောင် 😘💁🏻‍♀️ ကမ္ဘာကြီးစိမ်းလန်းနေအောင်...

Geplaatst door Win Min Than op Vrijdag 16 augustus 2019

Aung Vlogs
“အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိပါတယ်။ လက်ရှိမှာ အဆုံးသတ်ကို သတ်ရမယ့်အရာကတော့ ပလတ်စတစ်ပါပဲ” ဆိုပြီး ပြောသူကတော့ ဗီဒီယိုတွေ ဖန်တီးတဲ့ Aung Vlogs ပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ လူတိုင်းလေ့လာမှတ်သားစရာသင့်တဲ့ အကြောင်းအရာလည်း ပါပါသေးတယ်။ ဘာလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိပါတယ် အခုအဆုံးသတ်ရမယ့် အရာကတော့ plastics ဖြစ်သင့်နေပါပြီ ဒီ video မှာတော့ plastics တွေ များလာတဲ့အကြောင်းပြောရင်း ဂျပန်ရဲ့ အမှိုက်ခွဲတဲ့ စနစ်အကြောင်း ပြောပြထားပါတယ် Nominated by Zeyar Vlogs. Let’s take part in this movement together y’all. #toomuchplastics

Geplaatst door Aung Vlogs op Zaterdag 24 augustus 2019

Alex Khine
Digital Marketer ဖြစ်တဲ့ ကို Alex Khine ကတော့ မြောင်းတွေထဲ အပြည့်ဖြစ်နေတဲ့ ပလတ်စတစ်ဘူးခွံတွေကို ရှင်းလင်းနေတဲ့ သန့်ရှင်းရေးလုပ်သားပုံတွေကို ရှဲထားတာပါ။ ပုံမှာ မြင်ရက်စရာမရှိလောက်အောင် ပြည့်နေတဲ့ ပလတ်စတစ်ဗူးခွံတွေကို တွေ့ရမှာပါ။ ကို Alxe Khine က ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ကိုယ်ကျ ပညာပေးမှ တစ်နိုင်ငံလုံးအတိုင်းအတာ ရောက်နိုင်မှာဆိုပြီး ပလတ်စတစ်ကို ဘယ်လိုမျိုး Recycle လုပ်ဖြစ်လဲဆိုတဲ့အကြောင်း ဓါတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတင်ပြီး #TooMuchPlastic Challenge လှုပ်ရှားဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။

ကိုအရည်ကြိုဆီကနေ ဒီပုံကို မြင်လိုက်ရတဲ့အခါ ရင်ထဲဆို့တက်လာတာပဲ။ မြန်မာနိုင်ငံ အထူးသဖြင့် မြို့ကြီးတွေရဲ့အခြေအနေ...

Geplaatst door Alex Khine op Donderdag 8 augustus 2019

သူတို့သုံးယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ Arizona Beauty & Lifestyle Book ၊ Sassy Bound ၊ Rocco Lifestyle နဲ့ Zeyar Vlogs စတဲ့ နယ်ပယ်ပေါင်းစုံက Social Influencer တွေပါ ပါဝင်ထားပါသေးတယ်။

လူမှုကွန်ရက်မှာ Challenge တွေ အများကြီးရှိခဲ့ပါတယ်။ ရှိဖူးပါတယ်။ လက်ရှိမှာလည်း ရှိနေဆဲပါ။ တချို့က Entertainment သက်သက်အတွက် လုပ်တဲ့ Challenge တွေလည်း ရှိသလို #TooMuchPlastic လိုမျိုး လူ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်စေတဲ့ Challenge တွေလည်း ရှိပါတယ်။ လက်လွတ်မခံသင့်ဆုံးနဲ့ အလုပ်သင့်ဆုံး Challenge ကတော့ ဘယ်လိုဟာမျိုးလဲဆိုတာ အထွေအထူးပြောပြနေဖို့ လိုမယ်မထင်ပါဘူး။

ကဲ ဘာမှလည်း မခက်ခဲတဲ့ ဒီ #TooMuchPlastic Challenge ကို ဘယ်သူတွေကများ Accepted လုပ်ကြမှာလဲ။

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်ပေမယ့်လို့ လူအများကြီးဆီက ရလာမယ့် နှမ်းတစ်စေ့ချင်းစီကနေ ဆီဖြစ်လာနိုင်တယ်ဆိုတာ မမေ့ထားစေချင်ဘူးနော်။

(Photo & Video Credit)

NSC